Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လေကြောင်းဝန်ဆောင်မှုများနှင့်အတူ စီးပွားဖြစ်လေကြောင်းလိုင်းအဖြစ် ဆက်လက်လည်ပတ်သွားမည်ဟု MAI ကတိပြု

Pika (NSS) - ဇူလိုင် ၁၅

မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Myanmar Airways International - MAI) အနေဖြင့် ကျင့်ဝတ်၊ တာဝန်သိတတ်မှုကို အခြေခံသည့် လုပ်ငန်းအလေ့အထများဖြင့် အထူးသဖြင့် မြန်မာနိုင်ငံမှ ပြည်သူများအတွက် ဝန်ဆောင်မှုပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လေကြောင်းလိုင်းဘက်က အသိပေးထုတ်ပြန်ထားသည်။ 

အလားတူ ပုဂ္ဂလိကပိုင်ဖြစ်သည့် MAI လေကြောင်းလိုင်းသည် စီးပွားဖြစ်လေကြောင်းလိုင်းအဖြစ် ကောင်းမွန်စွာလည်ပတ်နေပြီး ဒေသတွင်းနှင့် နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများနှင့် အကူအညီများကို အကောင်းဆုံးပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။


IATA အဖွဲ့ဝင်လေကြောင်းလိုင်းတစ်ခုအဖြစ် နိုင်ငံတကာ စံညွှန်းများကို ချမှတ်ကျင့်သုံးနိုင်ရန် အမြဲကြိုးပမ်းဆောင်ရွက်နေပြီး မြန်မာနိုင်ငံသားများအတွက် သွားလာရလွယ်ကူစေရန် နှင့် နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအားလုံးကို မြှင့်တင်ပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ထည့်သွင်းပြောကြားထားသည်။ 


MAI လေကြောင်းလိုင်းက "လေကြောင်းလိုင်းရဲ့ ဘဏ်အကောင့်တွေကို လွန်ခဲ့တဲ့(၆)နှစ်တာ ကာလကတည်းက အဆက်မပြတ်ဝန်ဆောင်မှုပေးနေတဲ့ စင်ကာပူအခြေစိုက် United Overseas Bank UOB ဘဏ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဘဏ်အကောင့်တွေကို ပိတ်ဖို့စီစဉ်ခဲ့ပါတယ်။ လေကြောင်းလိုင်းရဲ့ ဘဏ်အကောင့်တွေကို ပိတ်ဖို့ ဆုံးဖြတ်ချက်ကို တကယ်ကို မျှော်လင့်မထားခဲ့ပါဘူး။ MAI လေကြောင်းလိုင်းဟာ လုပ်ငန်းဆက်နွယ်မှုကို ရပ်တန့်ဖို့စီစဉ်နေတဲ့ ဘဏ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို လေးစားပြီး ပေးထားတဲ့ အချိန်ဇယားအတိုင်း လိုက်နာဖို့ ကြိုးပမ်းသွားမှာပါ။ စင်ကာပူအခြေစိုက် UOB ဘဏ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာရှိတဲ့ ပြဿနာတွေကို ချက်ချင်းဖြေရှင်းနိုင်ဖို့ ခြေလှမ်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဖောက်သည်တွေနဲ့ ပေးသွင်းသူတွေအတွက် အဆင်မပြေမှုတွေ မရှိရအောင် လုပ်ငန်းလည်ပတ်မှုတွေ ဆက်လက်တည်တံ့နေဖို့အတွက် အစားထိုး အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို လုံခြုံစေဖို့ လုပ်ဆောင်နေပါတယ်။ ကုလသမဂ္ဂက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စာတစ်စောင်ကို ထုတ်ပြန်ပြီးတဲ့နောက်မှာ UOB ဘဏ်ရဲ့ ဆုံးဖြတ်ချက်က ထွက်ပေါ်လာတာပါ။ လေကြောင်းလိုင်းတစ်ခုအနေနဲ့ ဥပဒေကို ချိုးဖောက်တာမျိုး ဒါမှမဟုတ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖောက်ဖျက်တဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ပတ်သက်တာမျိုးလည်းမရှိပါဘူး"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် လေကြောင်းလိုင်းပျံသန်းမှုများ ရပ်ဆိုင်းထားသည့် အချိန်တွင် MAI လေကြောင်းလိုင်းသည် ခရီးသည်(၂၄၀၀၀၀)နှင့် ကုန်စည်တန်ချိန်(၂၅၄၀၀)ကို ပြန်လည်သယ်ဆောင်လာနိုင်ခဲ့ကြောင်း သိရသည်။ 

"ကပ်ရောဂါကာလအတွင်းမှာ လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံသားများစွာကို နေအိမ်ကိုပြန်လည်သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ ပြီးတော့ ဒီပြင်းထန်တဲ့ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် ဆေးဝါးတွေကိုလည်းသယ်ဆောင်လာပေးနိုင်ခဲ့တဲ့အတွက် ကျေးဇူးတင်ခံရမှုတွေကိုလည်းခံခဲ့ရပါတယ်။ ကပ်ရောဂါကာလအတွင်းမှာ လေကြောင်းလိုင်းရဲ့ ဝန်ထမ်း(၁၇၀၀)နဲ့ သူတို့ရဲ့ မိသားစုတွေ စားဝတ်နေရေးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက်လည်း များစွာဂုဏ်ယူမိပါတယ်"ဟု အသိပေးထုတ်ပြန်ထားသည်။ 

လေကြောင်းလိုင်း စတင်ခဲ့သည့်အချိန်မှ နှစ်ပေါင်း(၃၀)အတွင်း၌ စီးပွားရေးကန့်သတ်ချက်များ၊ အခြားစိန်ခေါ်မှုများရှိနေသော်လည်း MAI လေကြောင်းလိုင်းသည် မြန်မာနိုင်ငံတွင်း ပျံသန်းမှုနှင့်  အပြည်ပြည်ဆိုင်ရာ ပျံသန်းမှုများကို ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပြည်ပပို့ဆန်ဈေးအနည်းငယ်ကျဆင်း သော်လည်းပြည်တွင်းစားသုံးသည့်ဆန်ဈေးမြင့်တက်နေဆဲ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved