Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာ့နိုင်ငံရေးအဖြေရှာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်သည် အဓိကဗဟိုချက်အဖြစ် ရှိနေဆဲဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဆို

ဂျန်ဇက် (NSS) - ဇူလိုင် ၁၅

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ်ဘလာကရစ်နန်က ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရေးအခက်အခဲကို အဖြေရှာဖို့ အဓိကဗဟိုချက် key pivot အဖြစ်ဆက်လက်ရှိနေဆဲဖြစ်ပြီး ၎င်းမပါဘဲ မြန်မာနိုင်ငံရေးအခက်အခဲကို အဖြေရှာလို့ရနိုင်မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုသွားရောက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာနိုင်ငံရေးအခက်အခဲမှာပါဝင်နေသူအားလုံးနဲ့တွေ့ဆုံခွင့်ပေးဖို့ တိုက်တွန်းတောင်းဆိုသွားမှာဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံရေးကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းမှုအစိတ်အပိုင်းအဖြစ် ဇူလိုင်လ ၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာပြောဆိုခဲ့ပါတယ်။


စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက "စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင်တို့ကို ပြန်လွှတ်ပေးဖို့တိုက်တွန်းတောင်းဆိုထားတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ နစက ကြား စစ်မှန်တဲ့စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားလို့ ဆွေးနွေးမှုလုပ်နိုင်တာမျိုး မရှိဘူး။ လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ အကြံပြုပေးလို့ရပြီး နစကဟာ အဲဒီအခြေခံအတိုင်း လုပ်ဆောင်မှာလားဆိုတာ အချိန်ကပဲ ပြောပြပါလိမ့်မယ်"လို့ပြောပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်ချိန်အတွင်း သတင်းထောက်များနဲ့တွေ့ဆုံ သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ စင်ကာပူအခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ CNA သတင်းထောက် Leong Wai Kit နဲ့ Mothership သတင်းဌာနရဲ့သတင်းထောက် Keyla Mercubuwono တို့ရဲ့မေးခွန်းများကို ဖြေဆိုချိန်အတွင်း အခုလိုမျိုးထည့်သွင်းဖြေဆိုသွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ 

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက "အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံအရွယ် အစား၊ နိုင်ငံရေးစနစ်နဲ့ စီးပွားရေးအခြေအနေတွေ မတူညီပါဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက အချို့နိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တယ်။ အခြားအဖွဲ့ဝင်နိုင်ငံတွေကတော့ မြန်မာနိုင်ငံ နဲ့ အိမ်နီးချင်းမဟုတ်ဘူး။ ဒါကြောင့် မြန်မာနိုင်ငံရေးအခြေပနေနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကြားစိုးရိမ်မှုချင်းမတူဘူး။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို သူရဲ့ကိုယ်ပိုင်အစီအစဉ်နဲ့သွားရောက်ခဲ့တယ်။ အာဆီယံအဖွဲ့နဲ့ တိုက်ရိုက်ဆက်နွယ်တဲ့ခရီးစဉ်မျိုးမဟုတ်ဘဲ ကိုယ်ပိုင်ခရီးစဉ်မျိုးသာဖြစ်တယ်။ နစက တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကိုဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ခွင့်ပြုပေးခဲ့တယ်။ ကျွန်တော်တို့ဟာ သူပြောသမျှကိုသာသိခဲ့ရတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တစ်နာရီခွဲကျော်ကြာဆွေးနွေးခဲ့တယ်လို့ သိထားပါတယ်။ ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆီကနေ အခြားအချက်လက်တွေမျှဝေတာမျိုးမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောခဲ့တယ်။ ကြားရတာ အရမ်းစိတ်သက်သာရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ (၂)နှစ်ခွဲကျော်ကြာ သီးခြားနေထိုင်ခဲ့ရတယ်။ မီဒီယာတွေနဲ့ တွေ့ဆုံခွင့်မရခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ စာမဖတ်ရဘူး ဒါမှမဟုတ် နိုင်ငံတကာ မီဒီယာတွေကိုကြည့်ခွင့်မရခဲ့ဘူး" လို့ပြောပါတယ်။

ဒါ့ပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက "ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ကြိမ်တွေ့ဆုံရုံနဲ့ မြန်မာနိုင်ငံရေးအခြေအနေကိုအဖြေရှာဖို့ လုံလောက်ပါသလား၊ ကျွန်တော်ကတော့ လုံလောက်တယ်လို့မမြင်ဘူး၊ဒါကြောင့် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုသွားရောက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံရေးမှာပါဝင်နေသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ တိုက်တွန်းတောင်းဆိုသွားမယ်" လို့ပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

KNLA၊ PDF ပူးပေါင်းအဖွဲ့က ပြုပြင်နေဆဲ ကျုံအိတ်တံတားကို (၄၀)မမ ဗုံးသီးများဖြင့် (၄)ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်

RECENT POSTS
KNDF ပူးပေါင်းအဖွဲ့ကို ‌မေတ္တာရပ်ခံမရသဖြင့် ထိုးစစ်ဆင်ရှင်းလင်းနေဟု PNO/PNA ပြော
25 Nov 2024
ရုရှားနိုင်ငံကိုတိုက်ခိုက်ဖို့ တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုဖို့ခွင့်ပြုတဲ့ နိုင်ငံတွေထဲ ပြင်သစ်နိုင်ငံ ပူးပေါင်းပါဝင်လာ
25 Nov 2024
အမျိုးသားလွှတ်တော်နှင့် ပြည်နယ်၊ ဒေသကြီးများတွင် PR စနစ် ရွေးကောက်ပွဲကျင့်သုံးမည်
25 Nov 2024
မကွေးမြို့၌ ဒုတိုင်းကျန်းမာရေးဦးစီးမှူး သတ်ဖြတ်ခံရမှုဖြစ်ပွား
22 Nov 2024
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved