Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အထက်လွှတ်တော်အမတ်များရဲ့မဲပေးရွေးချယ်ခွင့် အခွင့်အရေးကို ပြန်ရုတ်သိမ်းနိုင်ဖို့ ဥပဒေမူကြမ်းကို ရှေ့သို့ချီပါတီက တင်သွင်း

ဂျန်ဇက် (NSS) - ဇူလိုင် ၁၅

ထိုင်း ရွေးကောက်ပွဲမှာမဲအများဆုံး အနိုင်ရခဲ့တဲ့ ရှေ့သို့ချီပါတီဟာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ရာမှာ အထက်လွှတ်တော်အမတ်များရဲ့ မဲပေးရွေးချယ်ခွင့် အခွင့်အရေးကို ပြန်ရုတ်သိမ်းနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၇ ကိုပြင်ဆင်ဖို့ ဥပဒေမူကြမ်းကို ထိုင်းအောက်လွှတ်တော် ဥက္ကဋ္ဌအသစ်ထံ တင်သွင်းခဲ့ကြောင်းသိရပါတယ်။ 


ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်က ကျင်းပတဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ စစ်တပ်ကခန့်ထားတဲ့အထက်လွှတ်တော်အမတ်တွေဟာ ရှေ့သို့ချီပါတီခေါင်းဆောင်ကို ကန့်ကွက်မဲပေးခြင်း၊ ကြားနေမဲပေးခြင်းများလုပ်ဆောင်ခဲ့ပြီးနောက် အခုလိုမျိုး လုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌအသစ်ဖြစ်တဲ့ Wan Muhamad Noor Matha ဟာ ရှေ့သို့ချီပါတီ အတွင်းရေးမှူး Chaithawat Tulathon ဦးဆောင်တဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၅၀) ရဲ့ ဥပဒေမူကြမ်းတင်သွင်းမှုကိုလက်ခံခဲ့ပြီးဥပဒေမူကြမ်းကို စစ်ဆေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။ 

ရှေ့သို့ချီပါတီ အတွင်းရေးမှူးက ၎င်းတို့ဟာ သောင်မတင်ရေမကျဖြစ်နေတဲ့ နိုင်ငံရေးကိုအဆုံးသတ်နိုင်ဖို့ ရည်ရွယ်ပြီး အထက်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ဝန်ကြီးချုပ်ရွေးချယ်ခွင့်ကို ပြန်ရုတ်သိမ်းဖို့ ဥပဒေမူကြမ်းတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။ ဇူလိုင်လ ၁၃ ရက်က ကျင်းပတဲ့ ထိုင်းဝန်ကြီးချုပ်ရွေး ချယ်ပွဲကို အထက်လွှတ်တော်ရှိ အမတ် ၂၅၀ ဦးအနက် ၄၃ ဦးက အစည်းအဝေးတက်ရောက်ခြင်းမရှိသလို ၁၅၉ ဦးက ကြားနေမဲပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါအထက်လွှတ်တော်အမတ်များရဲ့လုပ်ရပ်က ဝန်ကြီးချုပ်ရွေးချယ်ရာမှာ လုပ်ပိုင်ခွင့်နဲ့ အခွင့်အာ ဏာကို အသုံးပြုဖို့ဆန္ဒမရှိခြင်းကိုပြသနေခြင်းဖြစ်တယ်လို့ ထိုင်း ရှေ့သို့ချီပါတီကပြောပါတယ်။ ရှေ့သို့ချီပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က သောင်မတင်ရေမကျဖြစ်နေတဲ့ နိုင်ငံရေးကိုအဆုံးသတ်ဖို့ နဲ့ ထိုင်းနိုင်ငံရေးရှေ့ရောက်ဖို့ ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး အဲဒီလိုမျိုးလုပ်မှသာ ထိုင်းအစိုးရအသစ်အမြန်ဖွဲ့စည်းနိုင်မှာဖြစ်ကြောင်း ရှေ့သို့ချီပါတီအတွင်းရေးမှူးကပြောပါတယ်။ 

ရှေ့သို့ချီပါတီရဲ့အဆိုလုပ်ရပ်ကို ညွန့်ပေါင်းအဖွဲ့ထဲမှာပါဝင်တဲ့ ဖြူထိုင်းပါတီကိုလည်း အသိပေးခဲ့ရာ ကန့် ကွက်ခြင်းမရှိခဲ့ကြောင်း ရှေ့သို့ချီပါတီအတွင်းရေးမှူးက ပြောပါတယ်။ အထက်လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဝန်ကြီးချုပ်ရွေးချယ်ရေးမဲပေးခွင့် ပြန်ရုတ်သိမ်းခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာအပိုဒ်တစ်ပုဒ်ကို ပြင်ဆင်ပြောင်းလဲမှာဖြစ်တဲ့အတွက် အချိန်အကြာကြီး ရယူရဖွယ်မရှိကြောင်း ထိုင်းရှေ့သို့ချီပါတီကပြောပါတယ်။ ရှေ့သို့ချီပါတီဟာ ဝန်ကြီးချုပ်အသစ်ရွေးချယ်မှုကို အလျင်မြန်လုပ်ဆောင်လိုပေမယ့် နှောင့်နေးမှုများရှိလာနိုင်ဖွယ်ရှိနေကြောင်းသိရပါတယ်။ထိုင်းအထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Prapanth Koonmee က ရှေ့သို့ချီပါတီခေါင်းဆောင် ပီတဟာ လာမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်လောင်းအသစ်အမည်စာရင်းတင်သွင်းခွင့်ရတော့မှာမဟုတ်ကြောင်း၊ လွှတ်တော် စည်းကမ်းအပုဒ် ၄၁ အရ လွှတ်တော်အစည်းအဝေးကျင်းပချိန်အတွင်း အမည်စာရင်းတင်သွင်းခံရမှုအောင်မြင်မှုမရသူဟာ အဲဒီလွှတ်တော်အစည်းအဝေးကျင်းပချိန်ကာလအတွင်း နောက်ထပ်အမည်စာရင်းတင်သွင်းခွင့်မရှိတော့ကြောင်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါကိစ္စဟာလည်း အငြင်းပွားစရာကိစ္စအဖြစ်ရှိနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးရဲ့အဆုံးအဖြတ်ကို ခံယူရဖွယ်ရှိနေကြောင်းသိရပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို ဇူလိုင်လ ၁၃၊ ဇူလိုင်လ ၁၉ ရက် နဲ့ ဇူလိုင်လ ၂၀ ရက်တို့မှာကျင်းပဖို့ စီစဉ်ထားပြီး လာမယ့်သီတင်းပတ်မှာ လွှတ်တော်အတွင်းမဲပေးရွေးချယ်မှု ပြန်လည်စတင်သွားဖွယ်ရှိနေပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ့နိုင်ငံရေးအဖြေရှာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်သည် အဓိကဗဟိုချက်အဖြစ် ရှိနေဆဲဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved