AI ကြောင့် အလုပ်အကိုင်မပပျောက်ရေးနဲ့ လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့ ဇာတ်ညွှန်းရေးဆရာတွေရဲ့သပိတ်မှာ ဟောလိဝုဒ်သရုပ်ဆောင်တွေလည်း ပါဝင်လာ
ရောင်နီ (NSS) - ဇူလိုင် ၁၅
AI ကြောင့် အလုပ်အကိုင်တွေ မပပျောက်စေရေး၊ လုပ်ခကြေးငွေ တိုးမြှင့်ပေးရေး၊ အလုပ်အကိုင် အကျိုးခံစားခွင့် တွေ တိုးမြှင့်ပေးရေးနဲ့ပတ်သတ်ပြီး Disney၊ Netflix နဲ့ Amazon လို ဖျော်ဖြေရေးကုမ္ပဏီကြီးတွေမှ ဇာတ်ညွှန်းရေး ဆရာတွေ ပူးပေါင်းကာ သပိတ်လုပ်ဆောင်ခဲ့ကြပြီး အဆိုပါသပိတ်မှာ ဟောလိဝုဒ်သရုပ်ဆောင်တွေလည်း ပါဝင် သွားမယ်လို့ ဟောလိဝုဒ်သရုပ်ဆောင်များသမဂ္ဂ (SAG-AFTRA) မှ ဦးဆောင်ညှိနှိုင်းရေးမှူး ဒန်ကန်ခရက် ထရီးအိုင် ရီလန်း က ကြသပတေးနေ့ (ဇူလိုင် ၁၃ ရက်) မှာ ကြေညာခဲ့ပါတယ်။
အဆိုပါလှုပ်ရှားမှုဟာ ဆယ်စုနှစ် ခြောက်ခုအတွင်း သရုပ်ဆောင်တွေနဲ့ ဇာတ်ညွှန်းရေးဆရာတွေကြား ပထမဆုံး ပူးတွဲလုပ်ဆောင်မှုဖြစ်လာပါတယ်။ သပိတ်မှောက်မှုဟာ အမေရိကန်ဖျော်ဖြေရေးလုပ်ငန်းကို ရပ်တန့်သွားစေမယ်လို့ ၎င်းတို့က မျှော်လင့်ထားပါတယ်။
ဆယ်စုနှစ်များစွာကြာ လုပ်ခလစာ မညီမျှမှုတွေ မြင့်တက်လာပြီးနောက် ပိုမိုကောင်းမွန်တဲ့ လုပ်ခလစာ၊ ခံစားခွင့် များနဲ့ အခြေအနေတွေ ရှာဖွေနေတဲ့ အလုပ်သမားတွေအကြား အခုလိုသပိတ်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ဇူလိုင် ၁၄ ရက်က သပိတ်ကြေညာခဲ့ပြီးနောက် ဆိုရှယ်မီဒီယာအသုံးပြုသူတွေဟာ သပိတ်မှောက်မှုကိုထောက်ခံတဲ့ သင်္ကေတအနေနဲ့ Twitter မှာ #SAGAFTRAstrong hashtag သုံးကာ ပိုစ့်တွေတင်ခဲ့ပြီး အဆိုပါ hashtag ဟာ Twitter မှာ Trand ဖြစ်လာခဲ့ပါတယ်။
သပိတ်မှာ စာရေးဆရာတွေနဲ့ သရုပ်ဆောင်တွေအတွက် Artificial Intelligence (AI) မှ အလုပ်ကာကွယ်မှုများ အပြင် streaming ဝန်ဆောင်မှုများမှ ရရှိတဲ့ လစာနဲ့ အခြေခံလစာများ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။
Disney အမှုဆောင်အရာရှိချုပ်ဘော့အိုင်ဂါက အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေဟာ အလွန်စိတ်အနှောင့် အယှက်ဖြစ်ရပြီး သပိတ်မှောက်မှုဟာ အန္တရာယ်ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အိုင်ဂါရဲ့အဆိုပါ မှတ်ချက် တွေ ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားခဲ့ပြီး ၎င်းအပေါ် ဝေဖန်မှုတွေလည်း ရှိလာခဲ့ပါတယ်။ ဖျော်ဖြေရေးလုပ်ငန်းရဲ့ ဖျော်ဖြေရေးသမားများစွာဟာ ထိုက်တန်တဲ့ ဝင်ငွေရရှိဖို့ ရုန်းကန်နေရတယ်လို့ သရုပ်ဆောင်တွေက ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမြို့မဈေး၌ ရပ်ထားသည့် ဆိုင်ကယ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သားပြည်သူ (၁၂)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ