ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခြင်းက အာဆီယံနဲ့မပတ်သက်ဘဲ ကိုယ်ပိုင်ဆောင်ရွက်လှုပ်ရှားဖို့ အစပျိုးခြင်းမျိုးဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၄
မြန်မာအတိုက်ခံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အာဆီယံအစည်း အဝေးဆုံးဖြတ်ချက်များနဲ့ ဆက်နွယ်ခြင်းမရှိဘဲ ကိုယ်ပိုင်အစီအစဉ် နဲ့ လှုပ်ရှားဆောင်ရွက်ဖို့ အစပျိုးခြင်းမျိုးသာ “own initiative” ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၎င်းအနေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုမတက်ရောက်ခင် ဇူလိုင် ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး NUG အဖွဲ့ တာဝန်ရှိသူများက ဝေဖန်ပြစ်တင်ခဲ့သလို အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်း နိုင်ငံတကာမီဒီယာတွေမှာ ဖော်ပြထားပါ တယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက "ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကျွန်တော်ရဲ့တွေ့ဆုံ ဆွေးနွေးမှုတွေဟာ အာဆီယံနဲ့ ဆက်နွယ်မှုမရှိပါဘူး။ ဒါဟာ ကျွန်တော်ရဲ့ကိုယ်ပိုင် လှုပ်ရှားဆောင်ရွက်မှုသာ ဖြစ်တယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံ နဲ့ နယ်စပ်ချင်း ကီလိုမီတာ ၂ဝဝဝ ကျော်ထိစပ်နေတဲ့အတွက် မြန်မာနိုင်ငံ ရေးအခက်အခဲတွေဟာ ကျွန်တော်တို့ ထိုင်းနိုင်ငံအပေါ်သက်ရောက်မှုတွေ နေ့တိုင်းဖြစ်စေခဲ့တယ်။ အင်ဒိုနီးရှား နိုင်ငံဟာ မြန်မာနိုင်ငံနဲ့အလှမ်းဝေးတဲ့ ကျွန်တော်တို့တွေ့ကြုံရသလိုမျိုး မတွေ့ကြုံရဘူး။ အိန္ဒိယနိုင်ငံလည်း မြန်မာနိုင်ငံရေးအခက်အခဲကြောင့်ဖြစ်လာတဲ့ သက်ရောက်မှုတွေ ခံစားနေရတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ သက်ရောက်မှုတွေကိုတွေ့ ကြုံနေရတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံရေးအခက်အခဲများကြောင့် နယ်စပ်ဒေသမှာ ရာဇဝတ်မှု၊ လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ၊အွန်လိုင်းကတဆင့် လိမ်လည်မှုတွေ၊ လက်နက်မှောင်ခိုတင်သွင်းမှုတွေ နေ့စဉ်တိုးလာနေတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ထိုင်းအစိုးရဟာ မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ နစကနဲ့ပြန်လည်စေ့စပ်ဖို့ ကြိုးပမ်းခဲ့ပြီး မြန်မာအရေးအလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် သုံးကြိမ်ကျင်းပခဲ့ကာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြားပေးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသင်းခေါင်းဆောင်နေရာကို ကစားသမားများရွေးချယ်ခွင့်ပေးမည်မဟုတ်ဘဲ ၎င်းကိုယ်တိုင်ဆုံးဖြတ်မည်ဟု မန်ယူနည်းပြပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ