အသင်းခေါင်းဆောင်နေရာကို ကစားသမားများရွေးချယ်ခွင့်ပေးမည်မဟုတ်ဘဲ ၎င်းကိုယ်တိုင်ဆုံးဖြတ်မည်ဟု မန်ယူနည်းပြပြော
Pika (NSS) - ဇူလိုင် ၁၄
ဟယ်ရီမက်ဂွိုင်းယားသည် မန်ယူအသင်းခေါင်းဆောင်နေရာကို ဆုံးရှုံးရဖွယ်ရှိနေပြီး အသင်းခေါင်းဆောင် မည်သူ ဖြစ်မလဲဆိုသည်ကို ကစားသမားများအား မဲပေးရွေးချယ်ခိုင်းမည့်အစား ၎င်းကိုယ်တိုင်သာ ဆုံးဖြတ်သွားမည်ဖြစ် ကြောင်း နည်းပြတန်ဟက်က ထုတ်ဖော်ပြောခဲ့သည်။
အသင်းခေါင်းဆောင်မည်သူဖြစ်မလဲဆိုသည့်အချက် နှင့် ဆုံးဖြတ်ချက်နှင့်ပတ်သက်သည့် အခြေအနေများကို ပြောကြားသွားမည်ဖြစ်ကြောင်း နည်းပြတန်ဟက် က ပြောခဲ့သည်။
ဟယ်ရီမက်ဂွိုင်းယားသည် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလတည်းက မန်ယူအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ သော်လည်း ၎င်း၏ ကစားနိုင်စွမ်း နှင့် ဦးဆောင်နိုင်စွမ်းတို့ ညံ့ဖျင်းမှုကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။ ထို့အပြင် မန်ယူအသင်းသည် ဟယ်ရီမက်ဂွိုင်းယားကို လက်ရှိနွေရာသီတွင် ရောင်းထုတ်ရန် စိတ်ဝင်စား နေပြီး ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅ဝ) ခန့် မျှော်မှန်းထားကြောင်း သိရသည်။
နည်းပြတန်ဟက် က "ခေါင်းဆောင်နေရာနဲ့ပတ်သက်ပြီး အသင်းကစားသမားတွေကို မဲပေးရွေးချယ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ အဲဒါကို ကျွန်တော်ပဲ ဆုံးဖြတ်သွားမှာပါ" ဟု ပြောခဲ့သည်။ ထို့အပြင် ဂိုးသမားဒီဂီယာ ထွက်ခွာသွားမှု နှင့်အတူ မန်ယူအသင်းသည် အင်တာမီလန်အသင်းဂိုးသမား အန်ဒရေအိုနာနာကို အမြန်ဆုံးခေါ်ယူရန် လိုအပ်နေ ကြောင်း သိရသည်။
တန်ဟက် က "အန်ဒရေအိုနာနာကို အမြန်ဆုံးခေါ်ယူနိုင်ဖို့ လိုအပ်ပါတယ်။ ဂိုးသမားက အဓိကနေရာပါပဲ။ ကျွန်တော့်မှာရှိတဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး တကယ်ကို စိတ်ကျေနပ်မိပါတယ်" ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၁၄ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း