ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ကြားနေမဲနဲ့ ကန့်ကွက်မဲပေးခဲ့တဲ့လွှတ်တော်အမတ်များကို ထိုင်းတက္ကသိုလ်ကျောင်းသားကောင်စီ ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဇူလိုင် ၁၄
ထိုင်း Thammasat တက္ကသိုလ်ကျောင်းသားကောင်စီဟာ ဇူလိုင် ၁၃ ရက်က ကျင်းပတဲ့ ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို ပြစ်တင်ရှုတ်ချလိုက်ကြောင်း သိရပါတယ်။
ဇူလိုင် ၁၃ ရက်က ကျင်းပခဲ့တဲ့ ထိုင်းလွှတ်တော်အတွင်း ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲမှာ ရေပန်းအစားဆုံးဖြစ်နေ တဲ့ ရှေ့သို့ချီပါတီခေါင်းဆောင်ပီတလင်ဂျာဂိုအမ်ရမ်ဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ လုံလောက်တဲ့ ဆန္ဒမဲမရခဲ့ကြောင်း သိရပါတယ်။
အဆိုပါတက္ကသိုလ်ကျောင်းသားများကောင်စီကလွှတ်တော်ကိုယ်စားလှယ်များနဲ့ အထက်လွှတ်တော် ကိုယ်စားလှယ်များဟာ ပြည်သူတွေရဲ့ဆန္ဒကို ဆန့်ကျင်ပြီး ကန့်ကွက်မဲများ၊ ကြားနေမဲများ ပေးခဲ့ကြောင်း၊ အဲဒီလုပ်ရပ်များကို စိတ်ပျက်မိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ပထမ အကျော့မှာ ပီတဟာ လွှတ်တော်နှစ်ရပ်ပေါင်းရှိ ကိုယ်စားလှယ်အားလုံးရဲ့ထောက်ခံမဲ ၃၂၄ မဲသာရရှိခဲ့ပြီး၊ ကန့်ကွက်မဲ ၁၈၂မဲ၊ ထောက်ခံမဲ ၁၉၉ မဲရရှိခဲ့ပြီး ဝန်ကြီးချုပ်အသစ်ဖြစ်ရေး ကြိုးပမ်းမှု မအောင်မြင်ခဲ့ကြောင်း သိရပါတယ်။
လွှတ်တော်နှစ်ရပ်ပေါင်းမှာ လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၇၄၉ ဦးရှိပေမယ့် ဇူလိုင် ၁၃ ရက်က ကျင်းပတဲ့ ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၇ဝ၅ ဦးသာ တက်ရောက်ခဲ့ကြောင်းသိရပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့ အောက်လွှတ်တော်အတွင်းမဲပေးရွေးချယ်ရာမှာ ပီတဟာ ထောက်ခံမဲ ၃၁၁ မဲ ရရှိခဲ့ပြီး၊ ကန့်ကွက်မဲ ၁၄၈ မဲ၊ ကြားနေမဲ ၃၉ မဲရရှိခဲ့သလို အထက်လွှတ်တော်မှာ မဲပေးရွေးချယ်ရာမှာလည်း ပီတ ဟာ ထောက်ခံမဲ ၁၃ မဲ၊ ကန့်ကွက်မဲ ၃၄ မဲ၊ ကြားနေမဲ ၁၅၉ မဲ ရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါတက္ကသိုလ်ကျောင်းသားများကောင်စီက "လွှတ်တော်ကိုယ်စားလှယ်များရဲ့လုပ်ရပ်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ နဲ့ နိုင်ငံနိုင်ငံရေးသမိုင်းကို လေးစားမှုမရှိတဲ့လုပ်ရပ်မျိုးဖြစ်တယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ဆန္ဒကိုလည်း မသိကျိုးကျွံ့ပြုရာရောက်နေတယ်။ ပြည်သူတွေရဲ့ဆန္ဒကို လေးစားလိုက်နာသူတွေကိုသာ အထက်လွှတ်တော် ကိုယ်စားလှယ်၊ ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားစေချင်တယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ထိုင်းတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Piyabutr Saengkanokkul ကလည်း ရှေ့သို့ချီပါတီအနေနဲ့ ဝန်ကြီးချုပ်အသစ်ရွေးချယ်ရာမှာ မဲပေးခွင့်ရရှိနေတဲ့ စစ်တပ်က အထက်လွှတ်တော်ကိုယ်စားလှယ်များ ခန့်ထားခွင့် ရရှိနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၇၂ ဖျက်သိမ်းဖို့ အဆိုပြုရမှာဖြစ်ကြောင်း တောင်းဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြင်းခြံမြို့တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး အကြမ်းဖက်အဖွဲ့၏ သေနတ်ဖြင့်ပစ်သတ်ခြင်း ခံခဲ့ရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ