မြင်းခြံမြို့တွင် ကျောင်းထိုင်ဆရာတော်တစ်ပါး အကြမ်းဖက်အဖွဲ့၏ သေနတ်ဖြင့်ပစ်သတ်ခြင်း ခံခဲ့ရ
(NSS) - ဇူလိုင် ၁၄
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါးကို အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ် ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၁ ရက်) မွန်းလွဲ ၃ နာရီ ၁ဝ မိနစ်အချိန်တွင် မြင်းခြံမြို့နယ်၊ ဂွေးပင်ရိုကျေးရွာ အရှေ့ဘက်ပိုင်းရှိ စိတ္တသုခဘုန်းကြီးကျောင်း၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်အား အကြမ်းဖက်အဖွဲ့ အင်အား(၅)ဦးခန့်က ဆိုင်ကယ် (၄) စီးဖြင့် ရောက်ရှိလာပြီး ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဘုန်းကြီးကျောင်း၏ မြောက်ဘက် ပေ(၅ဝ)ခန့်အကွာတွင် သေနတ်ဖြင့်ပစ်သတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် စိတ္တသုခဘုန်းကြီးကျောင်းထိုင်ဆရာတော် ဦးပညာသာမိ(၄၅)နှစ် (၂၅)ဝါတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအားဖော်ထုတ်ဖမ်းဆီး၍ ဥပဒေ နှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
၂ဝ၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုလုပ်ရပ်များကြောင့် လက်ရှိတွင် နိုင်ငံတော်တစ်ဝန်း၌ သံဃာတော်(၇၆)ပါး နှင့် သီလရှင် ဆရာကြီးတစ်ပါးတို့ ပျံလွန်တော်မူထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့လက်ရွေးစင် ယူ-၁၂ ကစားသမားရွေးချယ်ပွဲသို့ လူငယ်(၁၅ဝ)ကျော် လာရောက်ရွေးချယ်ခံ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း