အမေရိကန်နိုင်ငံက စစ်မီးမွှေးနေတဲ့နိုင်ငံဖြစ်တယ်လို့ ကြွေးကြော်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ဖင်လန်ပြည်သူများ ဆန္ဒပြ
ဂျန်ဇက် (NSS) - ဇူလိုင် ၁၄
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဆန္ဒပြပွဲများတွေ့ကြုံခဲ့ရပေမယ့် ဇူလိုင် ၁၃ ရက်နေ့မှာ ဖင်လန်နိုင်ငံကို သွားရောက်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ နေတိုးအဖွဲ့ထိပ်သီးအစည်း အဝေးတက်ရောက်လာချိန်အတွင်း ဖင်လန်နိုင်ငံကို ထပ်မံသွားရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတ ရောက်ရှိလာချိန်အတွင်း ဆန္ဒပြသူတွေဟာ ဖင်လန်လွှတ်တော်အဆောက်အဦးနဲ့ သမ္မတရုံးနားမှာ ဆန္ဒပြခဲ့ပြီး အမေရိကန်နိုင်ငံက စစ်မီးမွှေးနေတဲ့နိုင်ငံ ဖြစ်သလို နေတိုးအဖွဲ့ရဲ့ဥရောပတိုက်မှာ ဟန့်တားနှောင့်ယှက်မှုများ ရပ်တန့်စေလိုကြောင်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဇူလိုင် ၁၃ ရက်မှာ ဖင်လန်သမ္မတ နဲ့ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သလို နော်ဒစ်ဒေသ နိုင်ငံငါးနိုင်ငံရဲ့ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဖင်လန်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ကြိုးပမ်းနေခဲ့ပြီး ၂ဝ၂၃ ခုနှစ်အစောပိုင်းမှာ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြု ခံခဲ့ရကြောင်း သိရပါတယ်။
ရုရှားနဲ့ ယူကရိန်းတု့ိစစ်ပွဲစတင်ခဲ့ပြီးနောက် ဖင်လန် နဲ့ ဆွီဒင်နိုင်ငံတို့ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ရေး စတင် လျှောက်ထားခဲ့ရာ ဖင်လန်နိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုခံရပေမယ့် ဆွီဒင်ကတော့ နေတိုး အဖွဲ့ဝင်နို င်ငံဖြစ်တဲ့တူရကီရဲ့ကန့်ကွက်မှုများကြောင့် လက်ရှိအချိန်အထိ နေတိုးအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ခြင်း မရှိပါဘူး။ အမေရိကန်နိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံများထဲမှာ အဓိကဦးဆောင်နေတဲ့နိုင်ငံဖြစ်ပြီး ယူကရိန်း နဲ့ ရုရှား စစ်ပွဲမှာလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ အဓိကကူညီထောက်ပံ့ပေးနေခဲ့ကြောင်း သိရပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်အစိုးရအနေနဲ့ ဖင်လန်နိုင်ငံကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း ကတိပြုပြောခဲ့သလို ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်ဖွဲ့တွေ စစ်ရှုံးနေတယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်မှုဖြစ်စဉ်များ၌ အဆိုးဆုံးမှာ စစ်ကိုင်း၊ ချင်းနှင့် ကယားပြည်နယ်တို့ဖြစ်ဟု နစကသက်တမ်း (၆)လကုန်ခါနီး၌ တပ်ချုပ် ဖွင့်ဟ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ