နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံသားအားလုံးဟာ အာဆီယံဒေသမှာ နျူကလီးယားကင်းစင်ရေးစာချုပ်ကိုလေးစားမယ်ဆိုရင် ရုရှားက ပူးပေါင်းဆောင်ရွက်ဖို့ အဆင့်သင့်ရှိဟု ဆို
ဂျန်ဇက် (NSS) - ဇူလိုင် ၁၄
ရုရှားနိုင်ငံအနေနဲ့ အာဆီယံဒေသမှာ နျူကလီးယားကင်းစင်ရေးဇုန် ဖန်တီးနိုင်အောင် သဘောတူညီဖို့ အဆင့်သင့် ရှိနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရောဗ့်က ပြောပါတယ်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံအားလုံးဟာ အာဆီယံဒေသမှာ နျူကလီးယားကင်းစင်ဇုန်ဖြစ်ရေး သဘောတူစာချုပ်ကို လိုက်နာမယ်ဆိုရင် ရုရှားအနေနဲ့လည်း အာဆီယံဒေသမှာ နျူကလီးယားကင်းစင်ရေးဇုန် ဖြစ်စေဖို့ သဘောတူညီသွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက အာဆီယံအဖွဲ့အနေနဲ့ ဒေသအတွင်းမှာ နျူကလီးယားကင်းစင် ရေးဇုန်ဖြစ်ရေးစာချုပ်မှာ နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံကြီးတွေကို ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းတောင်းဆိုသွားမယ်လို့ ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက "စာချုပ်မှာ ပါဝင်တဲ့နိုင်ငံအားလုံးဟာ အာဆီယံဒေသအတွင်းမှာ နျူကလီးယား လက်နက်များ ကင်းစင်ရေးလုပ်ဆောင်မယ်ဆိုတဲ့အချက်ကို လေးစားလိုက်နာမယ်ဆိုရင် ကျွန်တော်တို့ဘက် ကလည်း စာချုပ်မှာ ပူးပေါင်ဆောင်ရွက်ဖို့ အဆင့်သင့်ရှိပါတယ်။ အာဆီယံဒေသမှာ နျူကလီးယား လက်န က်ကင်းစင်စေဖို့ ကြိုတင်သတ်မှတ်ချက်နဲ့အတူ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံအားလုံး အတူတကွ လက်မှတ်ထိုးဖို့ အဆင့်သင့်ရှိနေပါတယ်" လို့ ပြောပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပြင် အမေရိကန်၊ တရုတ်၊ ရုရှားတို့ အပါအဝင် အာဆီယံရဲ့မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်းများရဲ့ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ရုရှားနဲ့ အမေရိကန်တို့ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့နိုင်ငံများအနက် နျူကလီးယားလက်နက်များ အများဆုံး ပိုင်ဆိုင် ထားတဲ့နိုင်ငံများ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ကမ္ဘာပေါ်ရှိ နိုင်ငံများထဲမှာ နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားတဲ့ နိုင်ငံပေါင်း အနည်းဆုံး ၉ နိုင်ငံရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံက စစ်မီးမွှေးနေတဲ့နိုင်ငံဖြစ်တယ်လို့ ကြွေးကြော်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ဖင်လန်ပြည်သူများ ဆန္ဒပြ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ