ထိုင်းဝန်ကြီးချုပ်အသစ် မဲပေးရွေးချယ်မှု ပထမအချီမှာ ရှေ့သို့ချီပါတီခေါင်းဆောင် လုံလောက်တဲ့ထောက်ခံမဲ မရရှိ ခဲ့
ဂျန်ဇက် (NSS) - ဇူလိုင် ၁၃
ထိုင်းနိုင်ငံရဲ့ ၃ဝ ဦးမြောက် ဝန်ကြီးချုပ်အသစ်ရွေးချယ်မှုကို ဇူလိုင် ၁၃ ရက် ညနေ ၃ နာရီကျော်က ပထမအချီ first round စတင်မဲပေးရွေးချယ်ခဲ့ရာ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ လုံလောက်တဲ့ဆန္ဒမဲမျိုး မရခဲ့ကြောင်း သိရပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဝန်ကြီးချုပ်ဖြစ်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရှိ ကိုယ်စားလှယ်ပေါင်း ၇၅ဝ ထဲမှ ထောက်ခံမဲ ၃၇၅ မဲရဖို့ လိုအပ်ကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်မှုကို ဇူလိုင် ၁၃ ရက်က လွှတ်တော်မှာ စတင်ကျင်းပခဲ့ရာ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရသူဦးရေဟာ ရှေ့သို့ချီပါတီ ခေါင်းဆောင်ဖြစ်တဲ့ ပီတလင်ဂျာရိုအမ်ရက်တစ်ဦးသာရှိကြောင်း သိရပါတယ်။
ဇူလိုင် ၁၃ ရက်မှာ ကျင်းပတဲ့ ထိုင်းလွှတ်တော်အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၇၄၉ ဦးထဲမှာ ၆၇၆ ဦးတက်ရောက်ခဲ့ပြီး မဲပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦး နှုတ်ထွက်သွားတဲ့အတွက် ထိုင်းလွှတ်တော်နှစ်ရပ်ပေါင်းမှာ ကိုယ်စားလှယ်ဦးရေ ၇၄၉ ဦးသာရှိတော့ကြောင်း သိရပါတယ်။
ပီတဟာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရှိ ကိုယ်စားလှယ်ဦးရေ ၇၄၉ ဦးထဲမှ ထောက်ခံမဲ ၃၇၅ မဲရဖို့ လိုအပ်နေရာ အဲဒီအရေအတွက်မျိုး မရခဲ့ကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ် မဲပေး ရွေးချယ်မှုကို သုံးကြိမ်ကျင်းပသွားမှာဖြစ်ရာ ဇူလိုင် ၁၃ ရက်၊ ဇူလိုင် ၁၉ ရက် နဲ့ ဇူလိုင် ၂ဝ ရက်တို့မှာ မဲပေး ရွေးချယ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ ယူ-၁၂ အသင်းအတွက် ရန်ကုန် ကစားသမားရွေးချယ်ပွဲကို သုဝဏ္ဏကွင်း၌ မနက်ဖြန် ကျင်းပမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ