နေပြည်တော်ရှိ စီမံကိန်းဦးစီးဌာန၌ လစ်လပ်နေသော ဒုဦးစီးမှူးရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေ
စော (NSS) - ဇူလိုင် ၁၃
နေပြည်တော်ရှိ စီမံကိန်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိနေသော ဒုဦးစီးမှူး ရာထူး (၆)နေရာအတွက် လျှောက်လွှာများခေါ်ယူနေကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ယနေ့(ဇူလိုင်လ ၁၃ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းဦးစီးဌာနတွင် ခန့်ထားမည့် ဒုဦးစီးမှူး ရာထူး(၆)နေရာအတွက် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc) ရရှိသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် လျှောက်လွှာပိတ်သည့်နေမှစ၍ အသက်(၂၈)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုအပ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လျှောက်လွှာများကို စီမံကိန်းဦးစီးဌာန၊ စီမံခန့်ခွဲရေး နှင့် ငွေစာရင်းဌာနခွဲ၊ ရုံးအမှတ်(၁၅)တွင် ဇူလိုင်လ (၁၄)ရက်၌ထုတ်ယူနိုင်ပြီး ဩဂုတ်လ (၇)ရက်တွင် နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် ရေးဖြေစာမေးပွဲကို နေပြည်တော်တွင် ဖြေဆိုရမည်ဖြစ်ပြီး မြန်မာစာ အပါ အဝင် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတတို့ကို ဖြေဆိုသွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရေးဖြေစာမေးပွဲကို ရေဆင်းတက္ကသိုလ်စိုက်ပျိုးရေး၌ လာမည့် သြဂုတ်လ(၁၃)ရက်တွင် စတင်ဖြေဆိုရမည် ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်များကို သြဂုတ်လ(၁၀)ရက်မှ (၁၁)ရက်အထိ စီမံကိန်းဦးစီးဌာန၊ စီမံခန့်ခွဲရေးနှင့် ငွေစာရင်းဌာနခွဲ၊ နေပြည်တော်ရုံးအမှတ်(၁၅)တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဝန်ကြီးချုပ်အသစ် မဲပေးရွေးချယ်မှု ပထမအချီမှာ ရှေ့သို့ချီပါတီခေါင်းဆောင် လုံလောက်တဲ့ထောက်ခံမဲ မရရှိ ခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ