ရေဒီယိုသတ္တိကြွရေဆိုးများ စွန့်ပစ်မည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက ဂျပန်နိုင်ငံမှ ရေထွက်ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်မည်ဟု ဟောင်ကောင် သတိပေး
Pika (NSS) - ဇူလိုင် ၁၃
ဂျပန်နိုင်ငံသည် ပျက်စီးနေသော ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံမှ သန့်စင်ထားသော ရေဒီယို သတ္တိကြွ ရေဆိုးများကို ပင်လယ်ထဲသို့ စွန့်ပစ်မည့်အစီအစဉ်အား ဆက်လက်လုပ်ဆောင်သွားမည်ဆိုပါက ဂျပန်နိုင်ငံ၏ စီရင်စု(၁ဝ)ခုမှ ပင်လယ်စာတင်သွင်းမှုများကို ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်ဒေသ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟဗေဒဌာနအကြီးအကဲ က ပြောကြားခဲ့သည်။
အဆိုပါတားမြစ်ချက်တွင် လတ်ဆတ်သော ပင်လယ်စာများ၊ အအေးခံထားသော ပင်လယ်စာများ၊ အခြောက်ခံထား သော (သို့မဟုတ်) အခြားနည်းဖြင့် ထိန်းသိမ်းထားသော ရေထွက်ပစ္စည်းများ၊ ပင်လယ်ဆား နှင့် ပင်လယ်ရေမှော် တင်သွင်းမှုများ ပါဝင်ကြောင်း သဘာဝပတ်ဝန်းကျင် နှင့် ဂေဟဗေဒဆိုင်ရာအတွင်းရေးမှူး Tse Chin-wan က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံက ရေဒီယိုသတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့စွန့်ပစ်မည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည် ဆိုပါ က ဂျပန်နိုင်ငံ စီရင်စုအများအပြားမှ ပင်လယ်ထွက်ကုန်များကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်ခေါင်းဆောင် ဂျွန်လီက ပြောကြားပြီးနောက် တစ်ရက်အကြာတွင် အဆိုပါအစီအစဉ်များ ထွက်ပေါ် လာခြင်းဖြစ်သည်။
ဟောင်ကောင်ဒေသသည် တရုတ်ပြည်မကြီးပြီးလျှင် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်တင်ပို့မှုအတွက် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ဈေးကွက်တစ်ခုဖြစ်ကြောင်း သိရသည်။ ၂ဝ၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံသည် ဟောင်ကောင်သို့ အမေရိကန်ဒေါ်လာ (၅၃၆)သန်းတန်ဖိုးရှိ ရေထွက်ကုန်များကို တင်ပို့ခဲ့ကြောင်း ဂျပန်အစိုးရ၏ စာရင်းအင်း အချက်အလက်များအရ သိရသည်။
ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေးအဖွဲ့မှ အတည်ပြုထားသော ဂျပန်နိုင်ငံ၏ ရေဒီယိုသတ္တိကြွရေဆိုးများ အစီအစဉ်သည် အစားအသောက်ဆိုင်ရာ ဘေးကင်းရေးစိုးရိမ်မှုကြောင့် ပြည်တွင်းနှင့်ပြည်ပရှိ အတိုက်အခံများ နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့အပြင် ရေထွက်ကုန်တင်ပို့မှုများသည် ဘေးကင်းပြီး ကမ္ဘာ့စံချိန်စံညွှန်းများ နှင့် ကိုက်ညီကြောင်း ဂျပန်နိုင်ငံက အခိုင်အမာ ပြောဆိုခဲ့သည်။ ဖူကူရှီးမားနျူကလီးယားစက်ရုံမှ သန့်စင်ထားသော ရေဒီယိုသတ္တိကြွရေဆိုးများကို ထုတ်လွှတ်မည့်အစီအစဉ်ကြောင့် ဂျပန်နိုင်ငံမှ စားသောက်ကုန်တင်သွင်းမှုအပေါ် တားမြစ်ပိတ်ပင်ခြင်းများ မလုပ်ဆောင်ရန် ဟောင်ကောင်တာဝန်ရှိသူများကို ဂျပန်အစိုးရက တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထန်းတပင်မြို့၌ အသက်(၁၆)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်သေဆုံး
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ