ချင်းတွင်းမြစ်ရေသည် နောက်(၂)ရက်အတွင်း ခန္တီးမြို့ နှင့် ဟုမ္မလင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ဟု မိုးဇလသတိပေး
ယွန်း (NSS) - ဇူလိုင် ၁၃
ချင်းတွင်းမြစ်ရေသည် နောက်(၂)ရက်အတွင်း ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးဇလမှ သတိပေးထုတ်ပြန်ထားသည်။မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(ဇူလိုင်လ ၁၃ ရက်)၊ နေ့လယ်ပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလမှ ယနေ့ နံနက်(၉)နာရီခွဲအချိန်တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်း၊ ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၄)ပေခန့်တွင် ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း ခန္တီမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ထို့ပြင် ဟုမ္မလင်းမြို့တွင်လည်း ချင်းတွင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၃)ပေခန့်တွင် ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း အဆိုပါမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်နိုင်ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။
ထို့ကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသတွင် နေထိုင်သူများအနေဖြင့် ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေဒီယိုသတ္တိကြွရေဆိုးများ စွန့်ပစ်မည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက ဂျပန်နိုင်ငံမှ ရေထွက်ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်မည်ဟု ဟောင်ကောင် သတိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ