ဒဂုံမြို့သစ်မြို့နယ်(၃)ခုရှိ ရပ်ကွက်အချို့နှင့် စက်မှုဇုန်တို့၌ မနက်ဖြန် လျှပ်စစ်ဓာတ်အားယာယီ ပြတ်တောက်မည်ဟု YESC အသိပေး
NSS - ဇူလိုင် ၁၂
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် မြို့နယ်(၃)ခုရှိ ရပ်ကွက်အချို့နှင့် စက်မှုဇုန်တို့၌ မနက်ဖြန်(ဇူလိုင်လ ၁၃ ရက်) တွင် သစ်ပင်၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်၍ ယာယီလျှပ်စစ်ဓာတ်အား ပြတ်တောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယနေ့(ဇူလိုင်လ ၁၂ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်ရှိ (၂၃၀)ကေဗွီ ဧရာဝဏ်ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသော 66kV ဧရာဝဏ်(၁)ဖီဒါ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဇူလိုင်လ(၁၃)ရက် နံနက် (၉)နာရီမှ မွန်းလွဲ (၁)နာရီအထိ ယာယီဓာတ်အားပိတ်၍ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့သို့ဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်များအတွင်းရှိ ရပ်ကွက်နေရာအချို့နှင့် စက်မှုဇုန်တို့၌ ယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်အရေးကြီးသည့် နေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထား ဆောင် ရွက်သွားမည်ဖြစ်ကြောင်း YESC မှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NUG၊ PDF တို့သည် NLD ပါတီနဲ့မသက်ဆိုင်ကြောင်း တရားခွင်၌ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတယ်လို့ ဒေါ်စန္ဒာမင်း ထုတ်ဖော်ပြော
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း