နေတိုးအဖွဲ့အနေနဲ့ အာရှ-ပစိဖိတ်ဒေသကို နယ်မြေတိုးချဲ့လာမယ်ဆိုရင် လက်တုံ့ပြန်မှာဖြစ်ကြောင်း တရုတ်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - ဇူလိုင် ၁၂
နေတိုးအဖွဲ့အနေနဲ့ အာရှ-ပစိဖိတ်ဒေသကို တိုးချဲ့လာခြင်းမျိုးမလုပ်ဆောင်သင့်ကြောင်း၊ အနောက်အုပ်စုအနေနဲ့ အာရှ-ပစိဖိတ်ဒေသကို နယ်မြေတိုးချဲ့လာမယ်ဆိုရင် လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း တရုတ်အစိုးရက သတိပေး လိုက်ပါတယ်။
တရုတ်နိုင်ငံဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့အကျိုးစီးပွားကို စိန်ခေါ်ဖို့ အကျပ်ကိုင်မူဝါဒတွေကို အသုံးပြုနေတယ် လို့ နေတိုးအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီးနောက် တရုတ်နိုင်ငံဘက်က ပြန်တုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂဆိုင်ရာတရုတ်သံတမန်က "နေတိုးအဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး ပါဝင်လာခဲ့တယ်။ အဲဒီထုတ်ပြန်ချက်မှာပါတဲ့အချက်တွေဟာ အခြေခံအချက်အလက်တွေကို လျစ်လျူရှုထားပြီး တရုတ်နိုင်ငံရဲ့ရည်တည်ချက်နဲ့ မူဝါဒတွေကို ဝေဖန်တိုက်ခိုက် ထားတယ်။ တရုတ်နိုင်ငံကို အသရေပျက်အောင် ရည်ရွယ်လုပ်ဆောင်ထားတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံ အနေနဲ့ နေတိုးအဖွဲ့ရဲ့ထုတ်ပြန်ချက်ကို လက်မခံဘူး" လို့ ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ နိုင်ငံအချုပ်အခြာအာဏာ ဘေးကင်းလုံခြုံမှုရှိအောင်လုပ်ဆောင်သွားမှာဖြစ်ပြီး နေတိုးအဖွဲ့ရဲ့ အာရှပစိဖိတ်ဒေသဘက်ခြမ်းကို နယ်မြေချဲ့ထွင်နေတာတွေကို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံရဲ့တရားဝင် အခွင့်အရေးနဲ့ ရည်တည်ချက်အကျိုးစီးပွားတွေကို ထိခိုက်နစ်နာလာအောင်လုပ်ဆောင်မယ်ဆိုရင် တုံ့ပြန်သွားမှာ ဖြစ်ကြောင်း ဥရောပသမဂ္ဂဆိုင်ရာ တရုတ်သံတမန်အဖွဲ့က ပြောပါတယ်။
နေတိုးအုပ်စုအနေနဲ့ အခြားနိုင်ငံတွေကို အပြစ်တင်နေမယ့်အစား ကိုယ်ပိုင်တာဝန်ယူခြင်း၊ တာဝန်ခံခြင်းမျိုး ရှိဖို့ ပျက်ကွက်နေကြောင်း၊ အခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ပြီး ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာအောင် ဖန်တီးနေကြောင်း၊ နေတိုးအဖွဲ့ရဲ့နယ်မြေချဲ့ထွင်ရေးလုပ်ရပ်တွေက ဒေသအတွင်း တင်းမာမှုတွေ ပိုမိုဖြစ်လာနိုင်ကြောင်း ဥရောပသမဂ္ဂဆိုင်ရာတရုတ်သံတမန်အဖွဲ့ က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖြူးမြို့နယ် ကညွှတ်ကွင်း-မိဿလင်သွားကားလမ်းပေါ်ရှိ တံတားတစ်စင်းအား PDF အဖွဲ့က မိုင်းထောင်ဖျက်ဆီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ