ဖြူးမြို့နယ် ကညွှတ်ကွင်း-မိဿလင်သွားကားလမ်းပေါ်ရှိ တံတားတစ်စင်းအား PDF အဖွဲ့က မိုင်းထောင်ဖျက်ဆီး
NSS - ဇူလိုင် ၁၂
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ကညွှတ်ကွင်း-မိဿလင်သွားကားလမ်းပေါ်ရှိ တံတားတစ်စင်းအား PDF အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၀ ရက်)၊ နံနက် ၄နာရီ ၁၀မိနစ်အချိန်တွင် ဖြူးမြို့နယ်၊ ခင်ကြီးကျေးရွာ မြောက်ဘက် ၅ဖာလုံခန့်အကွာ ကညွှတ်ကွင်း-မိဿလင်သွားကားလမ်းမပေါ်ရှိ တံတားတစ်စင်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတံတားသည် ဒေသအခေါ်အဝေါ်အရ သရက်ကုန်းတံတားဖြစ်ပြီး PDF အဖွဲ့မှ မိုင်းထောင်ဖောက် ခွဲဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့မိုင်းထောင်ဖောင်ခွဲမှုကြောင့် အရှည် ၃၀ ပေ၊ အကျယ် ၁၆ပေရှိ အဆိုပါ သံကူကွန်ကရစ်အမျိုးအစားတံတားသည် ထက်ပိုင်းကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် အဆိုပါတံတားတွင် လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရခြင်းကြောင့် ပြန်လည်ပြုနိုင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
အဆိုပါတံတားကို မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တတိယကမ္ဘာစစ်ဖြစ်လာအောင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဖန်တီးလုပ်ဆောင်နေကြောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့် ဝေဖန်ပြစ်တင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း