တတိယကမ္ဘာစစ်ဖြစ်လာအောင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ဖန်တီးလုပ်ဆောင်နေကြောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့် ဝေဖန်ပြစ်တင်
ဂျန်ဇက် (NSS) - ဇူလိုင် ၁၂
အမေရိကန်အစိုးရဟာ ယူကရိန်းကို cluster ဗုံးများ ပေးပို့ကူညီပြီး တတိယကမ္ဘာစစ်ဖြစ်လာအောင် တွန်းပို့နေကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်က "အမေရိကန်ရဲ့ လက်ရှိသမ္မတဂျိုးဘိုင်ဒန်ဟာ လက်ရှိအချိန်မှာ စစ်ပွဲကိုအဆုံးသတ်ဖို့ သေဆုံးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေကို ရပ်တန့်ဖို့ ကြိုးပမ်းသင့်တယ်" လို့ ပြောပါတယ်။
အမေရိကန်သမ္မတဟောင်းက ၎င်းအနေနဲ့ ယူကရိန်းကို cluster ဗုံးများ ပေးပို့ကူညီမယ့် အမေရိကန်အစိုးရရဲ့ အစီအစဉ်တွေကို ကန့်ကွက်ကြောင်း၊ အဆိုပါ ဗုံးများ ပေးပို့ခြင်းကြောင့် အပြစ်မဲ့ယူကရိန်းပြည်သူတွေ၊ အမျိုးသမီးတွေ နဲ့ ကလေးတွေ ဆယ်စုနှစ်နဲ့ချီ ထိခိုက်ခံစားရခြင်းများ ဖြစ်လာနိုင်ကြောင်း ဒေါ်နယ်ထရမ့်က ပြောပါ တယ်။
အမေရိကန်နိုင်ငံမှာ ၁၅၅ မီလီမီတာသုံး အမြှောက်ကျည်ဆံတွေ မရှိတော့တဲ့အတွက် ယူကရိန်းကို cluster munitions ပေးပို့ကူညီသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က မကြာသေးမီက ထုတ်ဖော်ပြောဆို ထားပါတယ်။
ဒေါ်နယ်ထရမ့်က "ဂျိုးဘိုင်ဒန်ပြောဆိုခဲ့မှုသာ အမှန်ဆိုရင် သွေးထွက်သံယိုဖြစ်မှုတွေ၊ အန္တရာယ်ဖြစ်ပွားမှုတွေ ပိုမို ဖြစ်လာနိုင်ပြီး ပဋိပက္ခဖြစ်ပွားမှုအခြေအနေတွေကို ထိန်းနိုင်တော့မှာ မဟုတ်ဘူး။ ဂျိုးဘိုင်ဒန်ဟာ တတိယ ကမ္ဘာစစ်ဖြစ်ပွားလာအောင် ဦးတည်လုပ်ဆောင်နေသလိုမျိုး ဖြစ်နေတယ်။ ဂျိုးဘိုင်ဒန်ရဲ့လုပ်ရပ်တွေက အလွန် အန္တရာယ်ရှိနေတယ်" လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ လာမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကို တစ်ကျော့ပြန်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး သမ္မတအဖြစ် ရွေးချယ်ခံရမယ်ဆိုရင် ယူကရိန်းစစ်ပွဲအဆုံးသတ်ကာ ငြိမ်းချမ်းရေး ရယူနိုင်အောင် ချက်ချင်း ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
ယူကရိန်းကို အဆိုပါဖျက်အားပြင်းလက်နက်များ ပေးပို့မယ့်အစီအစဉ်ကို ကုလသမဂ္ဂ၊ နေတိုးမဟာမိတ်နိုင်ငံများ၊ ဗြိတိန်၊ ကနေဒါ နဲ့ စပိန်နိုင်ငံတို့က ကန့်ကွက်ဝေဖန်ထားသလို ဒီမိုကရက်တစ်ပါတီဝင်များလည်း ပြစ်တင်ရှုတ်ချထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ သံမဏိထုတ်လုပ်ရေးလုပ်ငန်းကို ရုရှားနိုင်ငံက အကူအညီများပေးနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ