မြန်မာနိုင်ငံရေးပြဿနာတွေကိုအဆုံးသတ်စေဖို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၂
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရေးပြဿနာတွေကိုအဆုံးသတ်ဖို့ တွေ့ဆုံဆွေးနွေးမှုများလုပ်ဖို့ တောင်းဆို တိုက်တွန်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒွန်ပရာဝီနိုင်းဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး တက်ရောက်လာချိန်အတွင်း အခုလိုမျိုးပြော ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၎င်းက "ကျွန်တော်ဟာ ဇူလိုင် ၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ အားပေးခဲ့ တယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရေးအခက်အခဲနဲ့ပတ်သက်ပြီးအဖြေရှာဖို့ ကြိုးပမ်းခဲ့တယ်။ အချိန် ၂ နှစ်ကျော်ကြာပြီးချိန်မှာတော့ မြန်မာနိုင်ငံရေး အဖြေရှာမှု ကြိုးပမ်းတာတွေ တိုးတက်လာခဲ့တယ်။ အပေါင်း လက္ခဏာဆောင်တဲ့လားရာကို ဦးတည်ဖို့ အလားလာများနေတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နစကဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာ သံတမန် တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ယခင်က ပယ်ချခဲ့ဖူးကြောင်း သိရပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေကိုလည်း မီဒီယာတွေမှာ တွေ့ဆုံဆွေးနွေးဖို့ တားမြစ်ပိတ်ပင်ခဲ့ ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ၂ဝ၂၁ ခုနှစ်နောက်ပိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခွင့်ရတဲ့ ပထမဆုံး နိုင်ငံတကာသံတမန်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက "ဒေါ်အောင်ဆန်းစုကြည်နဲ့ private meeting သီးသန့်တွေ့ဆုံဆွေးနွေးခဲ့တယ်။ တွေ့ဆုံဆွေးနွေးမှုက ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့ပါတယ်" လို့ ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနားချိန်မှာ သတင်းထောက်များနဲ့ တွေ့ဆုံချိန်အတွင်း ပြောဆိုခဲ့တာမျိုးဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှု အချိန်တစ်နာရီကျော်ကြာ ရရှိခဲ့ကြောင်း ထပ်မံအတည်ပြုပြောကြားထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ