ထိုင်းအာဏာသိမ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပရာယွတ်ချန်အိုချာ နိုင်ငံရေးလောကမှ အနားယူ
ဂျန်ဇက် (NSS) - ဇူလိုင် ၁၂
ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင်တစ်ဦးဖြစ်သလို လက်ရှိဝန်ကြီးချုပ်အဖြစ်တာဝန်ယူနေတဲ့ ပရာယွတ်ချန်အိုချာက နိုင်ငံရေးလောက ကနေအနားယူလိုက်ကြောင်း ဇူလိုင်လ ၁၁ ရက်မှာ တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။
ပရာယွတ်ချန်အိုချာဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်ကကျင်းပတဲ့ ထိုင်းရွေးကောက်ပွဲမှာ ၎င်းရဲ့ညီညွတ်တဲ့ထိုင်းအမျိုးသားပါတီ ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံရေးလောကက အနားယူဖွယ်ရှိတယ်လို့သတင်းများကျယ် ပြန့်စွာထွက်ပေါ်နေချိန်မှာ အခုလိုမျိုးကြေညာလိုက်တာဖြစ်ပါတယ်။ ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် အစိုးရအသစ်ဖွဲ့စည်းပြီးချိန်အထိ ဆက်လက်တာဝန်ယူမှာဖြစ်ပေမယ့် ရွေးကောက်ပွဲကို တစ်ကျော့ပြန်ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်တော့ဘဲ နိုင်ငံရေးလောကမှအနားယူတော့မှာဖြစ်ကြောင်း၊ ညီညွတ်တဲ့ ထိုင်းအမျိုးသားပါတီက သတင်းထုတ်ပြန်ထားပါတယ်။
အသက် ၆၉ နှစ်အရွယ်ရှိ ပရာယွတ်ချန်အိုချာဟာ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုကိုခေါင်းဆောင်ခဲ့သူဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ်ကြေညာခဲ့သူဖြစ်ပါတယ်။ ပရာယွတ်ချန်အိုချာရဲ့ပါတီဟာ ၂၀၁၉ ခုနှစ်က ကျင်းပတဲ့ရွေးကောက်ပွဲမှာ လွှတ်တော်အတွင်းမဲအများအပြားအနိုင်ရခဲ့ပြီးနောက် အထက်လွှတ်တော်ရဲ့ထောက်ခံမှုနဲ့ ၎င်းဟာ ထိုင်းဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။
ပရာယွတ်ချန်အိုချာက "ကျွန်တော်ဟာ နိုင်ငံ၊ ဘာသာနဲ့ စည်းမျဉ်းခံစနစ်တွေကို ကာကွယ်ဖို့ ဝန်ကြီးချုပ်အဖြစ် အလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ ဒီရလဒ်တွေဟာ ပြည်သူတွေအတွက် အသီးအပွင့်တွေဖြစ်လာခဲ့တယ်။ ကျွန်တော်ဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း နိုင်ငံတကာနဲ့ ပြည်တွင်းရေးမှာ တွေ့ကြုံရတဲ့စိန်ခေါ်မှုတွေ၊ အတားဆီးတွေကိုကျော်ဖြတ်ခဲ့ရပြီး နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးတို့အတွက် အားစိုက်ကြိုးပမ်းခဲ့ပါတယ်"လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၈)နှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေ (၄)သန်းနီးပါး တိုးတက်လာမည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ