နိုင်ငံတည်ငြိမ်အေးချမ်းသည့်အချိန်၌ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမည်ဟု တပ်ချုပ်အာမခံပြောဆို
ရဲပြည့် (NSS) - ဇူလိုင် ၁၂
နိုင်ငံတည်ငြိမ်အေးချမ်းသည့်အချိန်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထပ်မံ အာမခံပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၁ ရက်က စစ်တွေတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအားတပ်နယ်ရှိ မေဃဝတီခန်းမ၌လည်းကောင်း၊ ကမ်းနီတပ်နယ်ရှိ နယ်မြေခံတန်းမြင့်သင်တန်းကျောင်းမှ သန္ဓေအရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သင်တန်းသားစစ်သည်များကို သီးခြားစီတွေ့ဆုံအမှာစကားပြောကြားချိန်တွင် အထက်ပါကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
အလားတူ တပ်မတော်သည် ပြည်သူများကြားမှပေါက်ဖွားလာပြီး တိုင်းပြည်၏ အစိတ်အပိုင်းပင်ဖြစ်သည့်အတွက် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန်လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံရေးနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်၊ နိုင်ငံရေးဦးတည်ချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် လုပ်ငန်းများအောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်တည်ငြိမ်ရေးကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေကြောင်း ပြောကြားထားဖူးသည်။
ယင်းသို့ပြောဆိုထားသော်လည်း ရွေးကောက်ပွဲကျင်းပမည့် အချိန်အတိအကျအား တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းအာဏာသိမ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပရာယွတ်ချန်အိုချာ နိုင်ငံရေးလောကမှ အနားယူ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ