NUG အဖွဲ့နဲ့ PDF လက်နက်ကိုင်အဖွဲ့ကို အသိအမှတ်မပြုသလို မထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁၂
ဒေါ်အောင်ဆန်းစုကြည်က သူမအနေနဲ့ (PDF) လက်နက်ကိုင်အဖွဲ့ကို မထောက်ခံသလို အနောက်အုပ်စုနိုင်ငံများရဲ့အထောက်ပံ့ကို ရယူကာ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေတဲ့ (NUG) အဖွဲ့ကိုလည်း မထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းနဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုး ပြောဆိုလိုက်တာဖြစ်တယ်လို့ ယုံကြည်ရတဲ့သတင်းအရင်းမြစ်ရဲ့ပြောဆိုချက်ကို ကိုကားပြီးမီဒီယာတွေက ဖော်ပြ ထားပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနိးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတက်ရောက်ခင် ဇူလိုင် ၉ ရက်က မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း၊ ယုံကြည်စိတ်ချရတဲ့သတင်းအရင်းမြစ်များရဲ့ပြောဆိုချက်များအရ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်ခင် တစ်ရက်အလိုမှာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရားဝင်သတင်းထုတ်ပြန်ခြင်းမျိုး မရှိခဲ့ကြောင်းသိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၁၆ ခုနှစ်နောက်ပိုင်းကတည်းက မြန်မာအစိုးရအဖွဲ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး ၂ဝ၂၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းမှုမှာ ဖမ်းဆီးခံရကာ အကျဉ်းထောင် ကို ပို့ဆောင်ခံထားရသူဖြစ်ပါတယ်။ အဆိုပါယုံကြည်ရတဲ့သတင်းအရင်းမြစ်က "ဒေါ်အောင်ဆန်းစုကြည် (PDF) အဖွဲ့ နဲ့ (NUG)ကို မထောက်ခံသလို အသိမှတ်မပြုဘူး" လို့ ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရေးအခက်အခဲဖြေရှင်းနိုင်အောင်ရည်ရွယ်ပြီး ပြီးခဲ့တဲ့ဇွန်လက မြန်မာအရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး နစကရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့သလို လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့က ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက "ကျွန်တော်တို့ဟာ မြန်မာနိုင်ငံ နဲ့ နယ်စပ်ချင်း ကီလိုမီတာ ၂ဝဝဝ ကျော် ထိစပ်နေ တယ်။ မြန်မာနိုင်ငံရေးပဋိပက္ခ ပိုမိုအရှိန်မြင့်လာမယ်ဆိုရင် ထိုင်းနိုင်ငံက သက်ရောက်မှုဒဏ်ကို ပိုမိုခံရမှာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံအတွင်းရှိ ဘယ်နိုင်ငံမှ မြန်မာနိုင်ငံရေးပဋိပက္ခ သက်ရောက်မှုဒဏ်ကို ခံရတာမျိုး မရှိဘူး။ အာဆီယံဒေသအတွင်းရှိ အခြားနိုင်ငံတွေဟာ ထိုင်းနိုင်ငံလောက် မြန်မာနိုင်ငံရေးအခက်အခဲအဆုံးသတ်ဖို့ နည်းလမ်းများ ရှာဖွေဖို့ အာရုံစိုက် ဂရုစိုက်တာမျိုးမရှိဘူး" လို့ ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဆွေးနွေးမှုဟာ သက်ရောက်မှုဘယ်လောက် ရှိ/မရှိ ဆိုတဲ့အချက်နဲ့ မြန်မာနိုင်ငံရေးအခက်အခဲကို အဖြေရှာနိုင်ဖို့ သိသာတဲ့တိုးတက်မှု ရှိ/မရှိ ဆိုတာကို အတိအကျမသိသေးကြောင်း အဆိုပါယုံကြည်ရတဲ့သတင်းအရင်းမြစ်က ပြောပါတယ်။
အဆိုပါ သတင်းအကြောင်းအရာနဲ့ပတ်သက်ပြီး နစက သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကို NP News အနေဖြင့် ယနေ့ (ဇူလိုင်လ ၁၂ ရက်) နံနက် ၁ဝ နာရီခွဲအချိန်အထိ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ဘဲ တည်ဆဲအစိုးရဘက်ကို အဆက်အသွယ်ရရှိရေး ဆက်လက်ဆောင်လုပ်ဆောင်လျက်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတည်ငြိမ်အေးချမ်းသည့်အချိန်၌ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမည်ဟု တပ်ချုပ်အာမခံပြောဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ