မြန်မာနှင့် တရုတ်သင်္ဘောသားများ အလုပ်လုပ်နေသာ ကုန်စည်သင်္ဘောကို စီးနင်းပြီးသင်္ဘောသားများကို ဖမ်းဆီးဟု ဟောင်ကောင်အကောင်ခွန်ဌာန အာဏာပိုင်များပြော
မြန်မာနှင့် တရုတ်သင်္ဘောသားများ အလုပ်လုပ်နေသာ ကုန်စည်သင်္ဘောကို စီးနင်းပြီးသင်္ဘောသားများကို ဖမ်းဆီးဟု ဟောင်ကောင်အကောင်ခွန်ဌာန အာဏာပိုင်များပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၁ဝ
ဟောင်ကောင်အကောက်ခွန်ဌာန တာဝန်ရှိသူများသည် မြန်မာနှင့် တရုတ်သင်္ဘောသားများ အလုပ်လုပ်ကိုင် နေသော ကုန်စည်သင်္ဘောတစ်စီးကို ဇူလိုင် ၉ ရက်က ဝင်ရောက်စီးနင်းခဲ့ပြီးတရုတ်နှင့် မြန်မာနိုင်ငံသား သင်္ဘောသား ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးခံရသော တရုတ်နှင့် မြန်မာသင်္ဘောသားများသည် အသက် ၂၅ နှစ်နှင့် အသက် ၆ဝ အရွယ်ကြားရှိ သူများဖြစ်ကြောင်း၊ ဟောင်ကောင်အကောက်ခွန်ဌာန က ဆိုသည်။ ဟောင်ကောင် အကောက်ခွန်ဌာနသည် Kwai Chung ဆိပ်ကမ်းရှိ ကုန်စည်သင်္ဘောကို စီးနင်းရှာဖွေချိန်အတွင်း “မှောင်ခိုဈေးကွက်ထဲသို့ တင်ပို့မည့် အမေရိကန် ဒေါ်လာ ၁ဝ ဒသမ ၄ သန်းတန်ဖိုးရှိ စီးကရက်စ်များကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။
အဆိုပါကုန်စည်သင်္ဘောပေါ်တွင် အလုပ်လုပ်နေသော ဝန်ထမ်းများသည် ခွင့်မပြုထားသော ကုန်စည်များကို တင်သွင်းရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်အကောက်ခွန်ဌာနက ဆိုသည်။
စီးကရက်စ်များကို သင်္ဘောပေါ်ရှိ အခြားကုန်စည်များနှင့်အတူမထားဘဲ ဖွက်ထားကာ ယူဆောင်လာခဲ့ခြင်းမျိုး ဖြစ်ကြောင်း ဟောင်ကောင်အကောက်ခွန်ဌာနက ပြောသည်။ ကုန်စည်သင်္ဘောပေါ်တွင် တွေ့ရှိဖမ်းမိခဲ့သော စီးကရက်စ်များအနက်မှ ၇ဝ ရာခိုင်နှုန်းကို ဟောင်ကောင်ဈေးကွက်အတွင်း တင်ပို့ရန် ရည်ရွယ်ထားပြီး ကျန် ၃ဝ ရာခိုင်နှုန်းကို ပြည်ပဈေးကွက်ကိုတင်ပို့ရန် စီစဉ်ထားကြောင်း ကုန်စည်သင်္ဘောအကြီးအကဲက ဝန်ခံထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်းကို အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ