အာဇာနည်နေ့၌ အနောက်ရွှေဂုံတိုင်လမ်းဟောင်းအပါအဝင် လမ်းအချို့ကို ခေတ္တပိတ်ထားမည်
ယွန်း (NSS) - ဇူလိုင် ၁ဝ
အာဇာနည်နေ့(ဇူလိုင်လ ၁၉ ရက်)တွင် အနောက်ရွှေဂုံတိုင်လမ်းဟောင်း အပါအဝင် လမ်းအချို့ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။
(၇၆)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပသွားမည်ဖြစ်ပြီး နံနက်(၄)နာရီမှ အခမ်းအနားပြီးဆုံးသည်အထိ လမ်းအချို့ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ(၁၉)ရက်တွင် အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ- ဓမ္မစေတီလမ်းဆုံမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှလည်း ကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံမှလည်းကောင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ- ဓမ္မစေတီလမ်းဆုံအထိလည်းကောင်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်(သွေးဆေးကန်)လမ်းတို့ကိုလည်း ခေတ္တပိတ်ထားပြီး လမ်းပိတ်/ လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်အနီးရှိ လမ်းပိုင်းအချို့ကိုလည်း ဇူလိုင်လ(၁၉)ရက်မှ ဇူလိုင်လ(၂၁)ရက်အထိ နံနက်(၅)နာရီ မှ (၈)နာရီအချိန်အတွင်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါနေ့များတွင် နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှလည်းကောင်း၊ နတ်မောက်လမ်းအား ဖိုးစိန်လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းနှင့်ဆုံရာမှလည်းကောင်း၊ ဗိုလ်ချိုလမ်းအား ရွှေကြက်ယက်လမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချုပ်ပြ တိုက်လမ်းအား စောမဟာလမ်းဆုံမှလည်းကောင်း ပိတ်ထားပြီး လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အလံတင်အခမ်းအနားကျင်းပမည့် အတွင်းဝန်ရုံးကိုလည်း ဇူလိုင်လ(၁၉)ရက်မှ ဇူလိုင်လ(၂၁)ရက်အထိ နံနက်(၅)နာရီမှ (၈)နာရီအထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှလည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှလည်းကောင်း ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
ထို့ကြောင့် ယာဥ်မောင်းများအနေဖြင့် အခမ်းအနားကျင်းပစဥ် လမ်းပိတ်လမ်းလွှဲ ဆောင်ရွက်နေချိန်များ၌ အခြားလမ်းများမှ မောင်းနှင်သွားရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကြိုတင်အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကညန၌ လူစီးလျှပ်စစ်ကားအစီးရေ (၄၆ဝ)ကျော်အပါအဝင် EV ယာဉ်မျိုးစုံအစီးရေ (၃၂၀၀) ကျော်မှတ်ပုံတင်ထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ