ကညန၌ လူစီးလျှပ်စစ်ကားအစီးရေ (၄၆ဝ)ကျော်အပါအဝင် EV ယာဉ်မျိုးစုံအစီးရေ (၃၂၀၀) ကျော်မှတ်ပုံတင်ထား
NSS - ဇူလိုင် ၁ဝ
ပြည်နယ်နှင့်တိုင်းခရိုင်ရုံးများတွင် အမျိုးအစားအလိုက် မှတ်ပုံတင်ထားသော မော်တော်ယာဉ်စာရင်းများအရ ၂၀၂၃ ခုနှစ် ဇွန်လအထိ က.ည.န၌ မှတ်ပုံတင်ထားသည့် လျှပ်စစ်သုံး (EV) ယာဉ်အမျိုးမျိုး အစီးရေ (၃၂၀၀) ကျော်ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။
က.ည.န မှတ်ပုံတင်စာရင်းအရ လျှပ်စစ်သုံး လူစီးမော်တော်ယာဉ် (၄၆၇) စီး၊ ကုန်တင်ဝန်ပေါ့ယာဉ် (၂) စီး၊ နှစ်ဘီးတပ် (၂၄၇၄) စီး၊ သုံးဘီးတပ် (၂၆၃) စီးရှိကြောင်းသိရသည်။
လူစီးယာဉ်အမျိုးအစားတွင် ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ ခရီးသည် (၁၅) ဦးအထက် မိုက္ကရိုဘတ်စ်၊ လိုက်ဗင်န်၊ ဂျစ်၊ Double Cab ယာဉ်များပါဝင်ပြီး ကုန်တင်ဝန်ပေါ့ယာဉ်အဖြစ် ပစ်ကပ်၊ Single Cab၊ လိုက်ထရပ်၊ တင်ဆောင်နိုင်အား (၃)တန်နှင့် (၃)တန်အောက် ဗင်န်၊ ထရပ်ယာဉ်တွေ ပါဝင်ကြောင်း သိရသည်။
နှစ်ဘီးတပ်ယာဉ်များတွင် စက်တပ်စက်ဘီး၊ မိုပက်ဆိုင်ကယ်၊ စကူတာဆိုင်ကယ်၊ ရိုးရိုးနှစ်ဘီးတပ်ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ကယ်များပါဝင်ပြီး သုံးဘီးတပ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်သုံးဘီး ဆိုင်ကယ်နှင့် သုံးဘီးယာဉ်တွေကိုလည်း မှတ်ပုံတင်ထားကြောင်းသိရသည်။
နစကအနေဖြင့် EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ‘လျှပ်စစ်မော်တော်ယာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ’ကို ယခင်နှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့သည်။
လက်ရှိတွင် CBU ၊ CKD ၊ SKD စနစ်များဖြင့် တင်သွင်းမည့် လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle – BEV) အမျိုးအစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂ဝ၂၂ တွင် သတ်မှတ်ထားသည့် အခွန်နှုန်းထားများကို သုညရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ခဲ့ပြီး တရုတ်နိုင်ငံထုတ် ဘက်ထရီလျှပ်စစ်ကား (BEV) များကို ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလတွင် စတင်တင်သွင်းခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေးတွင် သမီးအရင်းဖြစ်သူမှ မိခင်အရင်းအား အိုးဝေငှားပြီး သုဿန်၌ စွန့်ပစ်မှုဖြစ်ပွား
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း