အမေရိကန်နိုင်ငံအနေဖြင့် ဆယ်စုနှစ်ချီ သက်တမ်းရှိဓါတုလက်နက်များကို ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ပြော
Pika (NSS) - ဇူလိုင် ၉
အမေရိကန်နိုင်ငံသည် ၎င်း၏ဆယ်စုနှစ်များစွာ သက်တမ်းရှိ ဓါတုလက်နက်များ သိုလှောင်ထားရှိမှုကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် ကမ္ဘာတစ်ဝှမ်းတွင် အစုလိုက်အပြုံလိုက်လူသေဆုံးမှုများဖြစ်စေမည့် သိုလှောင်မှုများအားလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူကြောင်း ဂျိုးဘိုင်ဒန်က ပြောဆိုခဲ့သည်။ ဂျိုးဘိုင်ဒန်က"ဓါတုလက် နက်တွေ ကင်းစင်တဲ့ကမ္ဘာကြီးဖြစ်လာဖို့အတွက် နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် အမေရိကန်က သိုလှောင်မှုတွေကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်"ဟု ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအများအပြားတွင် သိုလှောင်ထားသော ဓါတုလက်နက်များကို ဖျက်ဆီးရန်အတွက် (၁၉၉၇)ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော ဓါတုလက်နက်ကွန်ဗင်းရှင်းတွင် နောက်ဆုံးလက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း သိရသည်။ ပထမကမ္ဘာစစ်အတွင်းဓါတုဓါတ်ငွေ့များကို အထိန်းအချုပ်မရှိ အသုံးပြုခဲ့ပြီးနောက် ရာစုနှစ်တစ်ခုကျော်အကြာတွင် ဓါတုလက်နက်များကို ဖျက်ဆီးနိုင်ခဲ့ခြင်းက သမိုင်းဝင်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ကြောင်း ဓါတုလက်နက်တားမြစ်ရေးအဖွဲ့က ပြောဆိုခဲ့သည်။
ဓါတုလက်နက်တားမြစ်ရေးအဖွဲ့ OPCW က အမေရိကန်၏ကြေညာချက်အရ ကမ္ဘာတစ်ဝှမ်းတွင် ကြေညာထားသော ဓါတုလက်နက်သိုလှောင်မှုအားလုံးကို အပြီးသတ်ဖျက်ဆီးခဲ့သည်ဟု အတည်ပြုထားကြောင်း ပြောဆိုခဲ့သည်။ OPCW အဖွဲ့ညွှန်ကြားရေးမှူးချုပ် Fernando Arias က"နိုင်ငံတကာ အသိုင်း အဝိုင်းမှာ ဒီလိုကြီးမားတဲ့ အောင်မြင်မှုတစ်ခုရှိလာတဲ့အတွက် အခြားနိုင်ငံတွေအားလုံးနဲ့ အမေရိကန်နိုင်ငံကို ဂုဏ်ပြုပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ကြေညာထားတဲ့ ဓါတုလက်နက်တွေကို အကုန်ဖျက်ဆီးပစ်လိုက်နိုင်တာက ဒါကပထမဆုံးအကြိမ်ပါပဲ"ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိမ်ခေါင်မိုးပေါ်တွင် ဝရိန်ဆော်နေသည့် အမျိုးသားတစ်ဦး ဓာတ်လိုက်မှု ထားဝယ်မြို့၌ ဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ