ယူကရိန်းသို့ cluster munitions များ ထောက်ပံ့ပေးမည့် အမေရိကန်၏ဆုံးဖြတ်ချက်က စိတ်ပျက်စရာလုပ်ရပ်တစ်ခုဖြစ်ကြောင်း ရုရှားအစိုးရဝေဖန်
Pika (NSS) - ဇူလိုင် ၉
ယူကရိန်းသို့ cluster munitions များ ထောက်ပံ့ပေးမည့် အမေရိကန်၏ အစီအစဉ်သည် စိတ်ပျက်စရာကောင်းသောလုပ်ရပ်တစ်ခုဖြစ်ပြီး ယူကရိန်းရှိ ရုရှားတပ်ဖွဲ့များအပေါ် အကျိုးသက်ရောက်မှုများရှိမည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက "ဒါဟာ ယူကရိန်းရဲ့တန်ပြန် ထိုးစစ်ဆင်မှုကျရှုံးနေတာတွေ၊ အားနည်းနေတာတွေကို ပြသနေတဲ့ စိတ်ပျက်စရာလုပ်ရပ်တစ်ခုပါပဲ။ဆိုးရွားတဲ့ အကျိုးဆက်တွေကို ထည့်သွင်းမစဉ်းစားဘဲ cluster munitions တွေ ထောက်ပံ့ပေးမယ့် လုပ်ရပ်ဟာ ရုရှားတပ်ဖွဲ့တွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး"ဟုပြောဆိုခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်က ယူကရိန်းပဋိပက္ခကို ပိုမိုအချိန်ကြာအောင်ရည်ရွယ်ပြီး လုပ်ဆောင်သော အမေရိကန်၏ ရုရှားဆန့်ကျင်ရေးလမ်းစဉ်ကို ပြသနေခြင်းဖြစ်ကြောင်း မာရီယာဇာခါရိုဗာက ပြောကြားခဲ့သည်။ထို့ပြင် အမေရိကန်ကထောက်ပံ့ပေးသော cluster munitions များကို သတိထားအသုံးပြုသွားမည်ဆိုသည့် ယူကရိန်း၏ ကတိဝတ်သည်လည်း တန်ဖိုးမရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများသည် ယူကရိန်းသို့ အရပ်သားများကို အန္တရာယ်ဖြစ်စေသည့် cluster munitions များ ထောက်ပံ့ပေးမည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။ သို့သော်လည်း ယူကရိန်းသို့ cluster munitions များ ထောက်ပံ့ပေးမည့်ဆုံးဖြတ်ချက်သည် ခက်ခဲသောဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဝန်ခံပြောဆိုခဲ့သည်။ အဆိုပါ cluster munitions များသည် နိုင်ငံပေါင်း(၁ဝဝ)ကျော်တွင် အသုံးမပြုရန် တားမြစ်ထားသည့် လက်နက်ပစ္စည်းများလည်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံတွင် နေတိုးအဖွဲ့ရုံးဖွင့်လှစ်မည့် အစီအစဉ်ကို ပြင်သစ်အစိုးရဆန့်ကျင်ကန့်ကွက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ