ဂျပန်နိုင်ငံတွင် နေတိုးအဖွဲ့ရုံးဖွင့်လှစ်မည့် အစီအစဉ်ကို ပြင်သစ်အစိုးရဆန့်ကျင်ကန့်ကွက်
Pika (NSS) - ဇူလိုင် ၉
ပြင်သစ်နိုင်ငံသည် ဂျပန်နိုင်ငံတွင် နေတိုးအဖွဲ့၏ဆက်ဆံရေးရုံးဖွင့်မည့် အစီအစဉ်ကို အတည်ပြုရန် ငြင်းဆိုခဲ့ပြီး နေတိုးအဖွဲ့ကိုလည်း သတ်မှတ်ထားသော စာချုပ်ကိုကျော်လွန်ပြီး နယ်မြေချဲ့ထွင်ခြင်းများ မပြုလုပ်ရန် ပြင်သစ်အစိုးရက တိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရသည်။
ဂျပန်အစိုးရသည် နိုင်ငံတွင်း၌ နေတိုးအဖွဲ့ဆက်ဆံရေးရုံးကို ဖွင့်လှစ်ရန် လုပ်ဆောင်နေကြောင်း အမေရိကန်ဆိုင်ရာ ဂျပန်သံအမတ်ကြီး Koji Tomita က ပြီးခဲ့သည့်မေလတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နေတိုးအဖွဲ့ဌာနချုပ်သို့ ပထမဆုံးအကြိမ်သွားရောက်လည်ပတ်ခဲ့သည့် (၂ဝ၁၇) ခုနှစ်ကတည်းက ဂျပန်နိုင်ငံတွင် နေတိုးအဖွဲ့ဆက်ဆံရေးရုံးဖွင့်မည့်အစီအစဉ်ကို ဆွေးနွေးခဲ့ပြီး ပြီးခဲ့သည့်လများတွင် ဆွေးနွေးပွဲများထပ်မံပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။
ပြင်သစ်အစိုးရတာဝန်ရှိသူတစ်ဦးက"နေတိုးအဖွဲ့ရဲ့ အခြေခံမူအရ ကျွန်တော်တို့ ဒီကိစ္စကို မျက်နှာသာ ပေးမှာ မဟုတ်ပါဘူး။ တစ်ချို့ ဂျပန်အာဏာပိုင်တွေက သူတို့ကိုယ်တိုင်လည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး အဆက်အစပ်သိပ်မရှိဘူးလို့ပြောပါတယ်" ဟုပြောဆိုခဲ့သည်။
ထို့ပြင် နေတိုးအဖွဲ့၏ ဖွဲ့စည်းပုံဥပဒေတွင် အာရှတိုက်သို့ တိုးချဲ့ခြင်းမပြုရန် တားမြစ်ချက်များ ရှိနေကြောင်း Financial Times ၏ဖော်ပြချက်အရသိရသည်။(၂ဝ၁၈)ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ပထမဆုံးနေတိုးဌာနခွဲရုံးကို ဖွင့်လှစ်ပြီးနောက် ဂျပန်နိုင်ငံသည် နေတိုးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့ကြောင်းသိရသည်။
ဂျပန်နိုင်ငံတွင် နေတိုး၏ဆက်ဆံရေးရုံးဖွင့်လှစ်မည့် အစီအစဉ်ကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီး နေတိုးအဖွဲ့သည် ၎င်း၏ ကိုယ်ပိုင်ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းသာ ဆက်လက်ရှိနေသင့်ပြီး အာရှတိုက်သို့ ၎င်း၏ ဩဇာလွှမ်းမိုးမှုများကို ဆက်လက် မချဲ့ထွင်သင့်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဒေသတွင်း၌ နေတိုးအဖွဲ့၏တည်ရှိမှု (သို့မဟုတ်) စစ်ရေးအစုအဖွဲ့များကို ကြိုဆိုမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရက်မူးနေသူ မောင်းနှင်လာသည့် တွဲကားတစ်စီး မဟာဗန္ဓုလတံတားပေါ်၌ ယာဥ်မတော်တဆမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ