အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါမှာ ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း အနည်းဆုံး လူ(၁၁)ဦးသေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်
ရောင်နီ (NSS) - ဇူလိုင် ၉
အိန္ဒိယမှာ ရွေးကောက်ပွဲ မဲဆွယ်မှုတွေအတွင်း နိုင်ငံရေးအကြမ်းဖက်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော် ကြားတဲ့ အနောက်ဘန်ဂေါပြည်နယ် မြူနီစီပယ်မဲရုံမှာ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေဖြစ်ပွားပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
အိန္ဒိယနိုင်ငံ Press Trust of India သတင်းအေဂျင်စီမှ ဖော်ပြချက်အရ အတိုက်အခံ Trinamool ကွန်ဂရက်ပါတီက အုပ်ချုပ်တဲ့ အနောက်ဘန်ဂေါ ပြည်နယ်မှာ လက်ယာယိမ်း Bharatiya Janata Party (BJP) က မဲအနိုင်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတဲ့ ရွေးကောက်ပွဲနဲ့ ဆက်နွယ်တဲ့ သေဆုံးမှုမှာ အနည်းဆုံး ၁၁ ဦးရှိကြောင်း ဖော်ပြခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ Trinamool ကွန်ဂရက်အဖွဲ့ဝင်ခြောက်ဦးနဲ့ BJP မှ အလုပ်သမားတစ်ဦး၊ အိန္ဒိယကွန်မြူနစ်ပါတီ (မာ့က်စ်ဝါဒီ) ကွန်ဂရက်နဲ့ ဒေသဆိုင်ရာမွတ်စလင်ပါတီတစ်ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုတွေမှာ မဲရုံကို အရံတပ်ဖွဲ့ဝင်တွေက လုံခြုံရေး ထူထပ်စွာနဲ့ စောင့်ကြပ်နေတာ မြင်တွေ့ရပါတယ်။ နေရာအများအပြားမှာ မဲပုံးလုယူခံရမှုတွေ၊ မဲရုံအပြင်ဘက် မီးရှို့ခံရမှုတွေ ထွက်ပေါ်လာနေပြီး ဒီအတွက် ပြိုင်ဘက်ပါတီတွေက အချင်းချင်း အပြစ်တင်နေကြပါတယ်။
အနောက်ဘင်ဂေါပြည်နယ်ကို ကွန်မြူနစ်ပါတီက ဆယ်စုနှစ် သုံးခုကျော် အုပ်ချုပ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ်မှာတော့ Trinamool ကွန်ဂရက်ခေါင်းဆောင် မာမာတာဘာနာဂျီက ကွန်မြူနစ်တွေကို အနိုင်ယူခဲ့ပြီး ဆက်လက်အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြည်နယ်တွင်း နိုင်ငံရေးအကြမ်းဖက်မှုတွေဟာ ၁၉၆ဝ ခုနှစ်များကတည်းက ရွေးကောက်ပွဲကာလတလျှောက် ဆယ်စုနှစ်များစွာအတွင်း လူသတ်မှု ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံတွင် အလုပ်ရှင်ထွက်ပြေးသွားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၂၃)ဦးကို မြန်မာသံရုံး ကယ်တင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ