မြဝတီ-ကော့ကရိတ်အာရှလမ်း၌ ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့
NP News - ဇန်နဝါရီ ၁၂
မြဝတီ-ကော့ကရိတ်အာရှလမ်း၌ ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ဘက်ခြမ်းရှိ အာရှလမ်းမပေါ် တောနော်ရေတံခွန်နှင့် ဆိပ်ဖူးတောင်ကြား ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက NP News ကို ပြော သည်။
“ကားက ဘေးတစ်ခြမ်းလုံး မှန်တွေကွဲကုန်တယ်။ လမ်းကလည်း တွင်းကြီးလိုဖြစ်သွားတယ်။ ဒဏ်ရာရတဲ့ သူရှိတယ်လို့တော့ မကြားဘူး။ မိုင်းဆွဲခံရတယ်လို့ပဲ ကြားတယ်။ မိုင်းထောင်တဲ့သူကို မြင်တဲ့သူက မြင်တယ်လို့လည်း ပြောတယ်” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
ထိုသို့မိုင်းဆွဲခံရမှုကြောင့် လမ်းမ၏အလယ်တွင် ပျက်စီးမှုများရှိခဲ့ပြီး ၎င်းလမ်းအား အသုံးပြုသူများအနေဖြင့် ရှောင်ရှားကာ သွားလာနေရကြောင်း ဒေသခံများက ဆိုထားသည်။ အာရှလမ်းတွင် ပြီးခဲ့သော လပိုင်းများစွာအတွင်း ခရီးသည်တင်ကားများအပါအဝင် ကုန်တင်ကားများမှာ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်ဖြစ်စဉ်များ ရှိခဲ့သည်ကို တွေ့ရှိရသည်။
ထို့ပြင် ၎င်းအာရှလမ်းပိုင်းတွင် ခရီးသည်တင်ကား၊ ကုန်တင်ကားများ ပစ်ခတ်ခံခဲ့ရသည့်ဖြစ်စဉ်များရှိခဲ့သကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ယာဉ်မောင်းများ ရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။
မြဝတီ-ကော့ကရိတ်အာရှလမ်းပိုင်း ကော့ကရိတ်မြို့နှင့်အနီးတစ်ဝိုက်တွင် ပြီးခဲ့သော ရက်ပိုင်းအတွင်း တပ်မတော်နှင့် KNLA၊ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အာရှလမ်းပိုင်းသည် (၁ဝ)ရက်ကျော်ကြာ ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။
ယခုရက်ပိုင်းအတွင်း၌သာ မြဝတီ-ကော့ကရိတ်အာရှလမ်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
zawgyi version
ျမဝတီ-ေကာ့ကရိတ္အာရွလမ္း၌ ခရီးသည္တင္ကားတစ္စီး မိုင္းဆြဲတိုက္ခိုက္ခံရၿပီး ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့
NP News - ဇန္နဝါရီ ၁၂
ျမဝတီ-ေကာ့ကရိတ္အာရွလမ္း၌ ခရီးသည္တင္ကားတစ္စီး မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရကာ ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ေၾကာင္း သတင္းရရွိသည္။ ျဖစ္စဥ္မွာ ဇန္နဝါရီလ ၁၁ ရက္ နံနက္ပိုင္း ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္ဘက္ျခမ္းရွိ အာရွလမ္းမေပၚ ေတာေနာ္ေရတံခြန္ႏွင့္ ဆိပ္ဖူးေတာင္ၾကား ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္မ်ားက NP News ကို ေျပာ သည္။
“ကားက ေဘးတစ္ျခမ္းလုံး မွန္ေတြကြဲကုန္တယ္။ လမ္းကလည္း တြင္းႀကီးလိုျဖစ္သြားတယ္။ ဒဏ္ရာရတဲ့ သူရွိတယ္လို႔ေတာ့ မၾကားဘူး။ မိုင္းဆြဲခံရတယ္လို႔ပဲ ၾကားတယ္။ မိုင္းေထာင္တဲ့သူကို ျမင္တဲ့သူက ျမင္တယ္လို႔လည္း ေျပာတယ္” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
ထိုသို႔မိုင္းဆြဲခံရမႈေၾကာင့္ လမ္းမ၏အလယ္တြင္ ပ်က္စီးမႈမ်ားရွိခဲ့ၿပီး ၎လမ္းအား အသုံးျပဳသူမ်ားအေနျဖင့္ ေရွာင္ရွားကာ သြားလာေနရေၾကာင္း ေဒသခံမ်ားက ဆိုထားသည္။ အာရွလမ္းတြင္ ၿပီးခဲ့ေသာ လပိုင္းမ်ားစြာအတြင္း ခရီးသည္တင္ကားမ်ားအပါအဝင္ ကုန္တင္ကားမ်ားမွာ မီးရႈိ႕ဖ်က္ဆီးခံခဲ့ရသည့္ျဖစ္စဥ္မ်ား ရွိခဲ့သည္ကို ေတြ႕ရွိရသည္။
ထို႔ျပင္ ၎အာရွလမ္းပိုင္းတြင္ ခရီးသည္တင္ကား၊ ကုန္တင္ကားမ်ား ပစ္ခတ္ခံခဲ့ရသည့္ျဖစ္စဥ္မ်ားရွိခဲ့သကဲ့သို႔ ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးခဲ့ရသည့္ ယာဥ္ေမာင္းမ်ား ရွိခဲ့သည္ကိုလည္း ေတြ႕ရွိရသည္။ ျမဝတီ-ေကာ့ကရိတ္အာရွလမ္းပိုင္း ေကာ့ကရိတ္ၿမိဳ႕ႏွင့္အနီးတစ္ဝိုက္တြင္ ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း တပ္မေတာ္ႏွင့္ KNLA၊ PDF ပူးေပါင္းအဖြဲ႕တို႔အၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ အာရွလမ္းပိုင္းသည္ (၁ဝ)ရက္ေက်ာ္ၾကာ ပိတ္ဆို႔မႈျဖစ္ပြားခဲ့သည္။ ယခုရက္ပိုင္းအတြင္း၌သာ ျမဝတီ-ေကာ့ကရိတ္အာရွလမ္း ျပန္လည္ဖြင့္လွစ္ႏိုင္ခဲ့ၿပီး ကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၁ဝဝဝ)ကျော်ကို ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ ထပ်မံသုံးစွဲရန် နစကအတည်ပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ