ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၁ဝဝဝ)ကျော်ကို ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ ထပ်မံသုံးစွဲရန် နစကအတည်ပြု
မျိုးကြီး (NP News) - ဇန်နဝါရီ ၁၂
ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်၌ ငွေကျပ်ဘီလျံ တစ်ထောင်ကျော်ကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများက ထပ်မံသုံးစွဲရန် နစကမှ အတည်ပြုထားကြောင်း သတင်းရရှိသည်။
၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေတွင် အထက်ပါကဲ့သို့ ထည့်သွင်း အတည်ပြုထားခြင်းဖြစ်သည်။ အဆိုပါဥပဒေတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ သုံးစွဲရန်အတွက် နောက်ထပ်ခွင့်ပြုသည့်သုံးငွေအဖြစ် ငွေကျပ်သန်းပေါင်း ၁၁ဝ၇၃၃၁ ဒသမ ၃၉၃ သန်း (ငွေကျပ် ၁၁ဝ၇ ဘီလျံကျော်)ကို ထပ်မံခွင့်ပြုခဲ့ခြင်းဖြစ်သည်။
၎င်းဥပဒေတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ သာမန်သုံးငွေအဖြစ် ငွေကျပ်သန်းပေါင်း ၂၅၈၇၉၉ ဒသမ ၇၅၁ သန်း၊ အတိုးပေးငွေအဖြစ် ၁၇၁ ဒသမ ၃၁၇ သန်း၊ ငွေလုံးငွေရင်းသုံးငွေအဖြစ် ၁၈ဝဝ၈၈ ဒသမ ၄၄၇ သန်းနှင့် ချေးယူရငွေအတွက်ပေးဆပ်ငွေအဖြစ် ၁၁၄၉ ဒသမ ၇၁၃ သန်း စုစုပေါင်း ၄၄ဝ၂ဝ၉ ဒသမ ၂၂၈ သန်း သုံးစွဲရန် ခွင့်ပြုထားသည်ကို တွေ့ရှိရသည်။
ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ၌ ဝန်ကြီးဌာနများအ နက် ကာကွယ်ရေးဝန်ကြီးဌာနသည် ငွေကျပ် ဘီလျံ ၄၄ဝ ကျော်သုံးစွဲရန် ခွင့်ပြုထားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ငွေကျပ်ဘီလျံ ၃၃ဝ ကျော်ထပ်မံသုံးစွဲရန် ခွင့်ပြုထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
ထို့ပြင် ၎င်းဥပဒေတွင် ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့များနှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအစိုးရအဖွဲ့တို့ကိုလည်း ထောက်ပံ့ငွေများပေးအပ်ရန် ထည့်သွင်းခွင့်ပြုထားကြောင်း တွေ့ရှိရသည်။ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေသည် ယခုဘဏ္ဍာရေးနှစ်အတွက် အကျိုးသက်ရောက်စေရမည်ဟုလည်း ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။
zawgyi version
ယခုဘ႑ာႏွစ္၌ က်ပ္ဘီလ်ံ (၁ဝဝဝ)ေက်ာ္ကို ဝန္ႀကီးဌာနမ်ားႏွင့္ ဦးစီးဌာနမ်ား ထပ္မံသုံးစြဲရန္ နစကအတည္ျပဳ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၂
ယခု ၂ဝ၂၂-၂ဝ၂၃ ဘ႑ာႏွစ္၌ ေငြက်ပ္ဘီလ်ံ တစ္ေထာင္ေက်ာ္ကို ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားႏွင့္ ဦးစီးဌာနမ်ားက ထပ္မံသုံးစြဲရန္ နစကမွ အတည္ျပဳထားေၾကာင္း သတင္းရရွိသည္။
၂ဝ၂၂-၂ဝ၂၃ ဘ႑ာေရးႏွစ္ ျပည္ေထာင္စု၏ ေနာက္ထပ္ဘ႑ာေငြခြဲေဝသုံးစြဲေရးဥပေဒတြင္ အထက္ပါကဲ့သို႔ ထည့္သြင္း အတည္ျပဳထားျခင္းျဖစ္သည္။ အဆိုပါဥပေဒတြင္ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားႏွင့္ ဦးစီးဌာနမ်ား သုံးစြဲရန္အတြက္ ေနာက္ထပ္ခြင့္ျပဳသည့္သုံးေငြအျဖစ္ ေငြက်ပ္သန္းေပါင္း ၁၁ဝ၇၃၃၁ ဒသမ ၃၉၃ သန္း (ေငြက်ပ္ ၁၁ဝ၇ ဘီလ်ံေက်ာ္)ကို ထပ္မံခြင့္ျပဳခဲ့ျခင္းျဖစ္သည္။
၎ဥပေဒတြင္ ကာကြယ္ေရးဝန္ႀကီးဌာနမွ သာမန္သုံးေငြအျဖစ္ ေငြက်ပ္သန္းေပါင္း ၂၅၈၇၉၉ ဒသမ ၇၅၁ သန္း၊ အတိုးေပးေငြအျဖစ္ ၁၇၁ ဒသမ ၃၁၇ သန္း၊ ေငြလုံးေငြရင္းသုံးေငြအျဖစ္ ၁၈ဝဝ၈၈ ဒသမ ၄၄၇ သန္းႏွင့္ ေခ်းယူရေငြအတြက္ေပးဆပ္ေငြအျဖစ္ ၁၁၄၉ ဒသမ ၇၁၃ သန္း စုစုေပါင္း ၄၄ဝ၂ဝ၉ ဒသမ ၂၂၈ သန္း သုံးစြဲရန္ ခြင့္ျပဳထားသည္ကို ေတြ႕ရွိရသည္။
ျပည္ေထာင္စု၏ ေနာက္ထပ္ဘ႑ာေငြခြဲေဝသုံးစြဲေရးဥပေဒ၌ ဝန္ႀကီးဌာနမ်ားအ နက္ ကာကြယ္ေရးဝန္ႀကီးဌာနသည္ ေငြက်ပ္ ဘီလ်ံ ၄၄ဝ ေက်ာ္သုံးစြဲရန္ ခြင့္ျပဳထားၿပီး စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနအေနျဖင့္ ေငြက်ပ္ဘီလ်ံ ၃၃ဝ ေက်ာ္ထပ္မံသုံးစြဲရန္ ခြင့္ျပဳထားျခင္းျဖစ္ေၾကာင္း ေတြ႕ရွိရသည္။
ထို႔ျပင္ ၎ဥပေဒတြင္ ကခ်င္၊ ရခိုင္၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မ်ားႏွင့္ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္းအစိုးရအဖြဲ႕တို႔ကိုလည္း ေထာက္ပံ့ေငြမ်ားေပးအပ္ရန္ ထည့္သြင္းခြင့္ျပဳထားေၾကာင္း ေတြ႕ရွိရသည္။ ၂ဝ၂၂-၂ဝ၂၃ ဘ႑ာေရးႏွစ္ ျပည္ေထာင္စု၏ေနာက္ထပ္ဘ႑ာေငြခြဲေဝသုံးစြဲေရးဥပေဒသည္ ယခုဘ႑ာေရးႏွစ္အတြက္ အက်ိဳးသက္ေရာက္ေစရမည္ဟုလည္း ထည့္သြင္းျပ႒ာန္းထားသည္ကို ေတြ႕ရွိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအထူးကိုယ်စားလှယ်ရုံးအဖွဲ့ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်မည်ဟုဆို
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း