ရန်ကုန်ရှိ Bar များတွင် တီးဝိုင်းထည့်သွင်း ဖျော်ဖြေပွဲအစီအစဉ်များကို ယနေ့ပြန်လည်စတင်
NSS - ဇူလိုင် ၇
ယာယီပိတ်ခိုင်းရာမှ ပြန်လည်ခွင့်ပြုမှုများကြောင့် ရန်ကုန်မြို့ရှိ Bar များသည် ဖျော်ဖြေပွဲအစီအစဉ်များကို ယနေ့တွင် ပြန်လည်ပြုလုပ်နေပြီဖြစ်ကြောင်း ကြော်ငြာမှုများရှိလာကြသည်။
ရန်ကုန်မြို့ရှိ Bar များတွင် တီးဝိုင်းထည့်ဖျော်ဖြေမှုများ ဇူလိုင်လ ၅ ရက်ခွင့်မှစတင်ကာ ခွင့်မပြုတော့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယနေ့ (ဇူလိုင်လ ၇ ရက်)တွင် ဖျော်ဖြေပွဲအစီအစဉ်များ ပြန်လည်ကြော်ငြာလာခြင်းဖြစ်သည်။
"Live Music Band များ ပုံမှန်အတိုင်း ဆက်လက်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ်ပါတယ်"ဟု ရန်ကုန်မြို့ရှိ The Heart of Rangoon-Thor က ကြေငြာထား သည်။
ယနေ့ (ဇူလိုင်လ ၇ ရက်)မှ စတင်ပြီး စားသောက်ဆိုင်နှင့် Bar များတွင် Unplugged တီး ဝိုင်းများဖြင့် ဖျော်ဖြေမှုကို သတ်မှတ်ချိန်အလိုက် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ရန်ကုန်ရှိ Bar များတွင် ကြော်ငြာများ ပြန်လည်ထုတ်ပြန်လာခြင်းဖြစ်သည်။
“စားသောက်ဆိုင်တွေ ခွင့်ပြုထားတဲ့လိုင်စင်မှာ ပါတဲ့အချက်နဲ့မကိုက်ညီတဲ့ ဆိုင်တွေကိုအရေးယူတာပါ။ တချို့ဆိုင်တွေက စားသောက်ဆိုင်လိုင်စင်နဲ့ စင်တင်တွေ၊ အလုံပိတ် KTV အခန်းတွေ ဖွင့်နေကြတာတွေကို ပိတ်ခိုင်းတာ။ အခုတော့လိုင်စင်သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ဘားတွေ၊ စားသောက်ဆိုင်တွေမှာ အချိန်သတ်မှတ်ချက်နဲ့ ဖျော်ဖြေရေးတွေပြန်လုပ်လို့ရပြီ” ဟု အမည်မဖေါ်လိုသူ ဘားဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
Club၊ KTV၊ Bar နှင့် စားသောက်ဆိုင်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများရှိခဲ့ရာ စည်းကမ်းမလိုက်နာခြင်းကြောင့်ဟုဆိုကာ ယာယီပိတ်သိမ်းမှုများရှိနေကြောင်းသိရသည်။
လက်ရှိကာလတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် အနုပညာရှင်အချို့သည် စားသောက်ဆိုင်နှင့် Bar များတွင် Unplugged တီးဝိုင်းများဖြင့် ဖျော်ဖြေကာ ဝင်ငွေရှာဖွေနေရခြင်းကြောင့်အခက်အခဲများကို သက်ဆိုင်ရာသို့တင်ပြထားကြောင်း မြန်မာနိုင်ငံဂီတအစည်းအရုံး နှင့်နီးစပ်သူတစ်ဦးကလည်း ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူရွှင်တော်များ နေထိုင်ရေးအဆင်ပြေစေရေးအတွက် မြေ(၅)ဧကပေါ်တွင် လူရွှင်တော်ရွာတည်ရန် စီစဉ်နေ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ