လူရွှင်တော်များ နေထိုင်ရေးအဆင်ပြေစေရေးအတွက် မြေ(၅)ဧကပေါ်တွင် လူရွှင်တော်ရွာတည်ရန် စီစဉ်နေ
ရဲပြည့် (NSS) - ဇူလိုင် ၇
လူရွှင်တော်ရွာတည်ရန်အတွက် မြေ(၅)ဧကကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပေးအပ်ထားကြောင်း မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ပြောကြားခဲ့သည်။
နေပြည်တော်ရှိ MICC-2 တွင် ဇူလိုင်လ ၇ ရက်ကကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် သက်ကြီးလူရွှင်တော်များ ပူဇော်ကန်တော့ပွဲတွင် ၎င်းကအထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“လူရွှင်တော်တွေ ၊ ဟာသပညာရှင်တွေအားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီးက ကျွန်တော်တည်ထားတဲ့ဘုရားရဲ့ဘေးမှာ မြေ(၅)ဧကကို လူရွှင်တော်ရွာတည်ဖို့ပေးထားပါတယ်။ အဲဒါကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သိန်း(၁ဝဝဝ)လှူပါတယ်။ ကျွန်တော်ကတော့ သိန်း(၁၅ဝဝ)ကို သူများဆီကချေးပြီးတော့ ဂရမ်ထုတ်ထားပါတယ်။ အဲဒါကိုတော့ အတိုးမပေးရပါဘူး။ အဲဒါကြီးကို တည်ဆောက်နိုင်အောင်လို့ တက်ရောက်လာကြတဲ့သူတွေက ဝိုင်းဝန်းကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ဦးဒိန်းဒေါင်က ပြောကြားခဲ့သည်။
လူရွှင်တော်(၁ဝဝ)တွင် လူတစ်ယောက် အိမ်ပိုင်၊ ယာပိုင်မရှိကြောင်း နှင့် ခြောက်လ တစ်ကြိမ်အိမ်ငှား နေကြရသူအများအပြားရှိကြောင်းကိုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။
ထို့ပြင် လူရွှင်တော်များသည် လူရွှင်တော်အလုပ်သာ လုပ်ကိုင်တတ်ကြပြီး ပညာရေးချို့တဲ့သူ များလည်းရှိသည့်အတွက် အခြားသောအလုပ်များ လုပ်ကိုင်ရန်ခက်ခဲခြင်းကြောင့် ၎င်းတို့နေထိုင်ရေးအတွက် နေရာတစ်ခု လိုအပ်ကြောင်းကိုလည်း ၎င်းကထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံးဝင်(၁ဝဝဝ)ကျော်ပြီရှိပြီး ကန်တော့ခံသက်ကြီးလူရွှင်တော် (၁၆ဝ)ခန့်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇူလိုင်လ ၇ ရက်အတွင်း ပြည်တွင်းနှင့် ပြည်ပမှ ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ