အမေရိကန်က ယူကရိန်းကို ပက်ထရီယော့ဒုံးကျည်စနစ်နဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးဖွယ်ရှိနေကြောင်း ရုရှား သံအမတ်ကြီးပြော
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၁
အမေရိကန်နိုင်ငံဟာ ယူကရိန်းကို ကူညီထောက်ပံ့ပေးထားတဲ့ ပက်ထရီယော့ ဒုံးကျည်စနစ်ကို အသုံးပြုတတ်စေဖို့ရည်ရွယ်ပြီး ယူကရိန်းတပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးဖို့ စီစဉ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကထုတ် ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်ဟာ ယူကရိန်းနဲ့ ရုရှားကြားစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းကို စစ် လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးနေရာ ပက်ထရီယော့ဒုံးကျည်များကူညီပေးသွားမှာဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပါတယ်။
ရုရှားသံအမတ်ကြီး အနာတိုလီ အနျူတိုနောဗ့်က"ယူကရိန်းတပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားပေးဖို့ အိုကလာဟိုမား ဒေသရဲ့ Fort Sill မှာ လေ့ကျင့်သင်ကြားမှုတွေလုပ်ဆောင်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဆုံးဖြတ်ချက်ဟာ ယူကရိန်းစစ်ပွဲမှာ အမေရိကန်တို့ ပါဝင်လာခြင်းကို ပြသလိုက်တာဖြစ်တယ်"လို့ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ရည်ရွယ်ချက်အစစ်မှန်က ယူကရိန်းတို့လက်ချက်နဲ့ တိုက်ပွဲမှာ ရုရှားစစ်သားအများအပြားထိခိုက်ကျဆုံးစေဖို့ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး အနာတိုလီအန်တိုနောဗ့်ကပြောပါတယ်။
အဆိုပါကိစ္စနဲ့နီးစပ်တဲ့အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ယူကရိန်းတပ်ဖွဲ့တွေကို လာမယ့်သီတင်းပတ်အတွင်း Fort Sill မှာ လေ့ကျင်သင်ကြားပေးမှုတွေစတင်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ အမေရိကန် ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကိုစစ်လက်နက် ပစ္စည်းများကူညီထောက်ပံ့ပေးထားသလို အခြားတစ်ဖက်မှာ ရုရှားကို ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ထားပါတယ်။
ရုရှား နဲ့ ယူကရိန်းတို့စစ်ပွဲဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါ ရီလမှာစတင်ခဲ့ပြီး စစ်ပွဲသက်တမ်း တစ်နီးပါးကြာမြင့်နေပေမယ့် အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးရယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။
zawgyi version
အေမရိကန္က ယူကရိန္းကို ပက္ထရီေယာ့ဒုံးက်ည္စနစ္နဲ႔ပတ္သက္ၿပီး ေလ့က်င့္သင္ၾကားေပးဖြယ္ရွိေနေၾကာင္း ႐ုရွား သံအမတ္ႀကီးေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၁
အေမရိကန္ႏိုင္ငံဟာ ယူကရိန္းကို ကူညီေထာက္ပံ့ေပးထားတဲ့ ပက္ထရီေယာ့ ဒုံးက်ည္စနစ္ကို အသုံးျပဳတတ္ေစဖို႔ရည္႐ြယ္ၿပီး ယူကရိန္းတပ္ဖြဲ႕မ်ားကို ေလ့က်င့္သင္ၾကားေပးဖို႔ စီစဥ္ေနေၾကာင္း ကုလသမဂၢဆိုင္ရာ ႐ုရွားသံအမတ္ႀကီးကထုတ္ ေဖာ္ေျပာဆိုလိုက္ပါတယ္။
အေမရိကန္ဟာ ယူကရိန္းနဲ႔ ႐ုရွားၾကားစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ယူကရိန္းကို စစ္ လက္နက္ပစၥည္းမ်ားကူညီေထာက္ပံ့ေပးေနရာ ပက္ထရီေယာ့ဒုံးက်ည္မ်ားကူညီေပးသြားမွာျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနပါတယ္။
႐ုရွားသံအမတ္ႀကီး အနာတိုလီ အန်ဴတိုေနာဗ့္က"ယူကရိန္းတပ္ဖြဲ႕ေတြကို ေလ့က်င့္သင္ၾကားေပးဖို႔ အိုကလာဟိုမား ေဒသရဲ႕ Fort Sill မွာ ေလ့က်င့္သင္ၾကားမႈေတြလုပ္ေဆာင္ဖို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ဆုံးျဖတ္ခ်က္ဟာ ယူကရိန္းစစ္ပြဲမွာ အေမရိကန္တို႔ ပါဝင္လာျခင္းကို ျပသလိုက္တာျဖစ္တယ္"လို႔ေျပာပါတယ္။
အေမရိကန္အစိုးရရဲ႕ရည္႐ြယ္ခ်က္အစစ္မွန္က ယူကရိန္းတို႔လက္ခ်က္နဲ႔ တိုက္ပြဲမွာ ႐ုရွားစစ္သားအမ်ားအျပားထိခိုက္က်ဆုံးေစဖို႔ျဖစ္ေၾကာင္း ကုလသမဂၢဆိုင္ရာ ႐ုရွားသံအမတ္ႀကီး အနာတိုလီအန္တိုေနာဗ့္ကေျပာပါတယ္။
အဆိုပါကိစၥနဲ႔နီးစပ္တဲ့အေမရိကန္အစိုးရတာဝန္ရွိသူတစ္ဦးက ယူကရိန္းတပ္ဖြဲ႕ေတြကို လာမယ့္သီတင္းပတ္အတြင္း Fort Sill မွာ ေလ့က်င္သင္ၾကားေပးမႈေတြစတင္ဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။
အေမရိကန္ ဦးေဆာင္တဲ့အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကိုစစ္လက္နက္ ပစၥည္းမ်ားကူညီေထာက္ပံ့ေပးထားသလို အျခားတစ္ဖက္မွာ ႐ုရွားကို ပိတ္ဆို႔မႈအမ်ိဳးမ်ိဳးခ်မွတ္ထားပါတယ္။
႐ုရွား နဲ႔ ယူကရိန္းတို႔စစ္ပြဲဟာ ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါ ရီလမွာစတင္ခဲ့ၿပီး စစ္ပြဲသက္တမ္း တစ္နီးပါးၾကာျမင့္ေနေပမယ့္ အပစ္ခတ္ရပ္စဲေရးနဲ႔ ၿငိမ္းခ်မ္းေရးရယူႏိုင္ျခင္းမရွိေသးေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁)အား ပြန်လည်ဖွင့်လှစ်ရန် မသေချာသေးဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ