Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁)အား ပြန်လည်ဖွင့်လှစ်ရန် မသေချာသေးဟုဆို
မျိုးကြီး (NP News) - ဇန်နဝါရီ ၁၁
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁)အား ပြန် လည်ဖွင့်လှစ်ရန် မသေချာသေးကြောင်း နစက၏ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် အဆိုပါချစ်ကြည်ရေးတံတားအမှတ်(၁)အား လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ထိုင်းနိုင်ငံသတင်းများက ဖော်ပြနေကြသည်။
“အဲဒါတော့ မသေချာသေးဘူးဗျ။ တရားဝင်ဘာမှ မသေချာသေးဘူး။ ထိုင်းကလည်း တရားဝင် ဘာမှ မလာသေးဘူးဗျ။ ဒီလိုပဲ သတင်းပဲဖြစ်နေတာပေါ့နော်။ လာလို့ရှိရင်လည်း အထက်အကြီးအကဲတွေကို တင်ပြပြီးတော့ ခွင့်ပြုချက်ရမှာပဲ နှစ်နိုင်ငံနိုင်ငံခြားရေးတို့၊ ကရင်ပြည်နယ်အစိုးရတို့ အဲဒီကနေတစ်ဆင့် နစကကို တင်ပြီးတော့ ဆက်လုပ်ရမှာပေါ့။ အဲဒီအခါကြမှ ဖွင့်ပြီဆိုတဲ့အကြောင်း တရားဝင်ပြောမှာပေါ့။ အခုက ထိုင်းလည်း ဒီအတိုင်းပဲ၊ တရုတ်လည်း ဒီအတိုင်းပဲ ကိုဗစ်တွေနဲ့ ထိန်းနေရတော့ ပြန်တော့ ဖွင့်ချင်တာပေါ့နော်။ ဖွင့်မယ်ဆိုရင်လည်း သူတို့ဘက်က ဖွင့်မယ်ဆို ကိုယ့်ဘက်ကလည်း အဆင်သင့်ဖြစ်အုံးမှလေ” ဟု စီးပွားကူးသန်းဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုကိစ္စများကို ချစ်ကြည်ရေးတံတားအမှတ်(၂)နှင့် တာချီလိတ်မြို့တို့ မှတစ်ဆင့် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “အခုလက်ရှိ ထိုင်းက ပိတ်ထားလားဆိုတော့ မပိတ်ထားဘူး။ ကုန်တွေတော့ သွားနေတာပဲ။ တံတား(၂)ကလည်း သွားတယ်။ တာချီလိတ်ကလည်း သွားတယ်။ လုံးဝ မပိတ်ဘူး။ ကိုဗစ်ဖြစ်တုန်းကလည်း မပိတ်ဘူး။ ကိုဗစ်ကာလ တစ်ခုလုံး လည်း အောက်ဆီဂျင်အိုးတို့၊ အောက်ဆီဂျင်အရည်တွေ အဲဒါတွေက မြဝတီလမ်းကနေပြီးတော့ ထိုင်းဘက်က ဖွင့်ပေးလို့ မြန်မာပြည်အတွက် အများကြီးအဆင်ပြေသွားတာလေ။ မဖွင့်တာတော့ မဟုတ်ဘူး ဖွင့်နေတယ်။ သူက တခြား လူဝင်လူထွက်အ ပေါက်တွေ ထပ်ပြီးတော့ ဖွင့်ချင်တာပေါ့နော်။ ဒါပေမယ့် တရားဝင်သူတို့ မလာသေးဘူးပေါ့။ အောက်ခြေမှာတော့ သတင်းတွေ အဲဒီလိုဖြစ်နေတာပေါ့” ဟု ၎င်းက ဆက် လက်ပြောသည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁)အား ကိုဗစ်ကပ်ရောဂါအခြေအနေများကြောင့် ပိတ်ထားခဲ့သည်မှာ (၂)နှစ်ကျော်ကြာလာပြီဖြစ်ကြောင်း သိရသည်။ သို့သော် လက်ရှိတွင် မြဝတီမြို့ခံများနှင့် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက အဆိုပါချစ်ကြည်ရေးတံတားအမှတ်(၁)အား လာမည့် ဇန်နဝါရီလ ၁၂ ရက်တွင် ဖွင့်လှစ်သွားရန်အခြေအနေရှိကြောင်း ထုတ်ဖော်ပြောဆိုနေကြသည်ကို တွေ့ရှိနေရပြန်သည်။ ပြီးခဲ့သော လပိုင်းများအတွင်းက မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁) အနီးတွင်း ပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့သည်ကို တွေ့ရှိရသည်။
zawgyi version
Comments :
0 comments
PREVIOUS
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Next
မြဝတီ-ကော့ကရိတ်အာရှလမ်း၌ ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US
Copyright © News Services Station | All Right Reserved