အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ရောက်ဖို့ မြန်မာကိုယ်စားပြုအဖြစ် နိုင်ငံရေးနဲ့ မပတ်သက်သူသာဖိတ်ကြားမယ်လို့ အင်ဒိုနီးရှားအစိုးရပြော
ဂျန်ဇက် (NSS) - ဇူလိုင် ၇
အင်ဒိုနီးရှားနိုင်ငံဟာ ဇူလိုင် ၁၁ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နဲ့ အာဆီယံအပေါင်းအစည်းအဝေး AMM/PMC meeting များကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ရာ မြန်မာ ကိုယ်စားပြုအဖြစ် နစကတာဝန်ရှိသူများကို ဖိတ်ကြားမှာမဟုတ်ဘဲ နိုင်ငံရေးနဲ့မပတ်သက်တဲ့သူတွေကိုသာ စေလွှတ်ဖို့ ဖိတ်ကြားဖွယ်ရှိနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အဆိုပါ AMM/PMC အစည်းအဝေးကို နိုင်ငံပေါင်း ၂၉ နိုင်ငံက တက်ရောက်ဖွယ်ရှိနေပြီး လက်ရှိအချိန်အထိ တက်ရောက်ဖို့ စာရင်းပေးထားတဲ့ကိုယ်စားလှယ်ပေါင်း ၁၁၆၅ ဦးရှိနေသလို ဂျာနယ်လစ် ၄၉၃ ဦး တက်ရောက် သတင်းရယူဖွယ်ရှိနေတယ်လို့ အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပါအဝင် အစည်းအဝေး ၁၈ ခုကို ၄ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးအပြင် နယူးဇီလန်၊ ရုရှား၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ASEAN Plus Three (APT)၊ EAS ၊ နဲ့ ARF အဖွဲ့တွေနဲ့ အစည်းအဝေးတွေ ထပ်မံကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက် မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်း နိုင်ဖို့ နစက အပြင် အတိုက်ခံအုပ်စုများနဲ့လည်း လျှို့ဝှက်ဆွေးနွေးနေရာ အကြိမ်ပေါင်း အနည်းဆုံး ၆ဝ ကျော် ဆွေးနွေးထားကြောင်း ပြီးခဲ့တဲ့ မေလအစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အင်ဒိုနီးရှားအစိုးရဟာ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းဖို့ကြိုးပမ်းရာမှာ quietly engaging နည်းလမ်းကို အသုံးပြုပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တွဲကားအောက်၌ ကားဝင်ပြင်သည့် ယာဉ်မောင်း ကားကြိတ်မိ၍ သေဆုံးမှု လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ