မိုခါမုန်တိုင်းကြောင့် ဓာတ်အားပြတ်တောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၈)ခုကို တစ်လကျော်ကာလအတွင်း ဓာတ်အားပြန်လည်ပေးနိုင်ခဲ့
ယွန်း (NSS) - ဇူလိုင် ၆
မိုခါမုန်တိုင်းကြောင့် ဓာတ်အားလိုင်းများ ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၈)ခုကို တစ်လကျော်ကာလအတွင်း ဓာတ်အားပြန်လည်ပေးနိုင်ခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်း တိုက်ခတ်ပြီးသည့် မေလ (၁၄)ရက်နောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ စစ်တွေမြို့ အပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့တို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ကို ပြီးခဲ့သည့် ဇွန်လ(၇)ရက်၊ (၁၈)ရက်နှင့် (၂၃)ရက်တို့တွင် ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
ထို့ပြင် ယမန်နေ့(ဇူလိုင်လ ၅ ရက်)ကလည်း ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- ရသေ့တောင်ဓာတ်အားလိုင်းနှင့် ၃၃ ကေဗွီ မင်းပြား-ပေါက်တော ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ခြင်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဇူလိုင်လ(၅)ရက်၊ နေ့လည်ပိုင်းတွင် ရသေ့တောင်မြို့ရှိ ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ရသေ့တောင် ဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ(၃) ဖီဒါမှ ၁၁/ဝ.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ အလုံး(၂ဝ)ဖြင့် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက် နှင့် ကျေးရွာတစ်ရွာရှိ လျှပ်စစ်မီးသုံးစွဲသူ (၂ဝ၉၇)ဦးကို လျှပ်စစ်ဓာတ်အား ပြန်လည်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ညနေပိုင်း၌ ပေါက်တောမြို့ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ပေါက်တောဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ ဖီဒါ(၂) ဖီဒါမှ ၁၁/ဝ.၄ ကေဗွီ ဖြန့်ဖြူးရေးထရန်စဖော်မာ (၂၂)လုံးဖြင့် မြို့ပေါ်ရပ်ကွက်(၅) ရပ် ကွက်ရှိ လျှပ်စစ်မီးသုံးစွဲသူ(၂၂၄၈)ဦးတို့ကို ဓာတ်အားပြန်လည် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်းရှိ မိုခါမုန်တိုင်းကြောင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ ပျက်စီးခဲ့သည့် မြို့နယ်(၁ဝ)မြို့နယ် အနက် (၈)မြို့နယ်ကို ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်ရှိနေသည့် ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့ နယ်တို့ကိုလည်း လျှပ်စစ်ဓာတ်အား အမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ ဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လိုက်ထရပ်ကားနှင့် မြေသယ်ကားတို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား (၆)ဦး ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ