ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လိုက်ထရပ်ကားနှင့် မြေသယ်ကားတို့ ယာဥ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား (၆)ဦး ထိခိုက်ဒဏ်ရာရရှိ
စော (NSS) - ဇူလိုင် ၆
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လိုက်ထရပ်ကားနှင့် မြေသယ်ကားတို့တိုက်မိ၍ အမျိုးသား(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၆ ရက်)၊ နံနက် (၁ဝ)နာရီဝန်းကျင်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနှင့်မြနန္ဒာလမ်းထောင့်တို့၌ ဖြစ်ပွားခဲ့ကြောင်း အကြင်နာကုသိုလ်ပြု လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ ရွှေလီလမ်းဘက်မှ မောင်းနှင်လာသည့် လိုက်ထရပ်ကားအား မြနန္ဒာလမ်းဘက်မှ မောင်းနှင်လာသော မြေသယ်ကားမှ ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြေသယ်ကားက လိုက်ထရပ်ကားကိုဝင်တိုက်တာပါ။ အရှိန်ပါတယ်နဲ့တူတယ်။ လိုက်ထရပ်ကားက မှောက်သွားတယ်။ လိုက်ထရပ်ကားမှာ လူ(၇)ယောက်ပါလာတယ်။ မြေသယ်ကားပေါ်မှာတော့ လူ(၂)လောက်ပါလာလောက်တယ်”ဟု အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ကားပေါ်တွင် လိုက်ပါလာသူ (၇)ဦးအနက် အမျိုးသား(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ဒဏ်ရာရရှိခဲ့သူ (၂)ဦး ရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အား သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ 5BTAXI လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်နှစ်စီးဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဇွန်လအတွင်း ဆန်တင်ပို့မှုတန်ချိန် ၆ဝဝဝဝ ကျော်ထိ ကျဆင်းခဲ့သော်လည်း ဘဏ္ဍာနှစ် သုံးလအတွင်း ဆန်တင်ပို့မှု တန်ချိန်နှစ်သိန်းကျော် ရှိနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း