ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌအသစ် နဲ့ ဒုတိယဥက္ကဋ္ဌနှစ်ဦးတို့ ရရှိမယ့် လစာနဲ့ ခံစားခွင့်များကို ကြေညာ
ဂျန်ဇက် (NSS) - ဇူလိုင် ၆
ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌအသစ်ဟာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်လလုပ်ခ ဘတ် ၇၅၅၉ဝ ဘတ် နဲ့ ထောက်ပံ့ကြေးဘတ် ၅ဝဝဝဝ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
ထိုင်အောက်လွှတ်တော်အစည်းအဝေးကို ဇူလိုင် ၃ ရက်နေ့က စတင်ခဲ့ပြီး ဇူလိုင် ၄ ရက်နေ့မှာ လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌများ ရွေးချယ်ခဲ့ရာ အသက် ၇၉ နှစ်အရွယ်ရှိ Wan Muhamad Noor Matha ဟာ ပြိုင်ဘက်မရှိဘဲ ထိုင်းလွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ်ခံရကြောင်း သိရပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုင်းအောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှစ်ဦးဟာ တစ်ဦးကို လစာနဲ့ အခြားခံစာခွင့် အဖြစ် ဘတ် ၁၁၅၇၄ဝ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများအပြင် လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်အစည်းအဝေး စတင်ချိန်မှာ ခရီးသွားစရိတ်များကိုလည်း ထပ်မံရရှိမှာဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ နှစ်ဦးတို့ဟာ ဆေးဝါးကုသစရိတ်တွေ ထပ်မံရရှိမှာဖြစ် သလို အောက်လွှတ်တော် ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌနှစ်ဦးရဲ့အကြံပေးအဖြစ်ဆောင်ရွက်သူဟာ တစ်လကို လစာအဖြစ် ဘတ် နှစ်သောင်း ရရှိမှာဖြစ်ပြီး၊ ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုတိယယဥက္ကဋ္ဌနှစ်ဦးရဲ့ ကိုယ်ရေးအရာရှိ အတွင်းရေးမှူးတွေဟာ တစ်လကို လစာအဖြစ် ဘတ် ၁၅ဝဝဝ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံမှာ မေလက ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက် ဇူလိုင်လအတွင်းမှာ လွှတ်တော်အသစ် စတင်ခေါ်ယူခဲ့ကာ အောက်လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုတိယဥက္ကဋ္ဌ နှစ်ဦးတို့ကို ရွေးချယ်ခဲ့သလို ဇူလိုင် ၁၃ ရက်နေ့မှာ ဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲကို စတင်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖျက်သိမ်းရန်ကြေညာထားသည့် နန်းဦးလွင်ကျေးရွာရှိ နေအိမ်များနှင့်ပတ်သက်ပြီး ပြန်လည်စိစစ်ရန် ညွန်ကြားစာထွက်လာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ