ဖျက်သိမ်းရန်ကြေညာထားသည့် နန်းဦးလွင်ကျေးရွာရှိ နေအိမ်များနှင့်ပတ်သက်ပြီး ပြန်လည်စိစစ်ရန် ညွန်ကြားစာထွက်လာ
NSS - ဇူလိုင် ၆
လယ်မြေပေါ်တွင် အိမ်ရာများဆောက်လုပ်ထားသဖြင့် ယနေ့ (ဇူလိုင်လ ၆ ရက်)နောက်ဆုံးထား ဖျက်သိမ်းရန် ကြေညာထားသည့် မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နန်းဦးလွင်ကျေးရွာဝန်းကျင်ရွာမြေများနှင့်ပတ်သက်ပြီး ယမန်နေ့ (ဇူလိုင်လ ၅ ရက်)က အသိပေးစာအချို့ လာရောက်ကပ်သွားကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။
" ကျွန်တော်တို့လဲစာထွက်တယ်ဆိုလို့ သွားကြည့်တာ ဆိုင်းငံ့တယ်။ မဖျက်သိမ်းဘူးဆိုတာတော့ မပါဘူး။ နစက ဥက္ကဋ္ဌရဲ့ ညွန်ကြားချက်ဆိုတာကို အောက်ခြေက မလိုက်နာရင် အရေးယူမယ်ဆိုတာတော့ တွေ့ရတယ်။ အခုအချိန်အထိ နေအိမ်တွေလာဖျက်တာမရှိသေးဘူး။ ပိုက်ဆံရှိတဲ့သူတွေကတော့ အိမ်ငှားပြီးပြောင်းနေကြတယ်။ ဘာတွေဖြစ်လာအုံးမလဲဆိုတာ ဆက်တော့ စောင့်ကြည့်ရမှာပဲ"ဟု နေအိမ်ဖျက်သိမ်းခံရမည့် နန်းဦးလွင်ကျေးရွာခံတစ်ဦးက NP News ကိုပြောသည်။
အွန်လိုင်းတွင်ပျံ့နှံ့နေသည့်အကြောင်းကြားစာအရ နေအိမ်ဖျက်သိမ်းမည့်ကိစ္စ ဆိုင်းငံ့ခြင်း နှင့်ပတ်သက်ပြီး တစုံတရာတိကျစွာရေးသားထားခြင်း မတွေ့ရဘဲ အောက်ခြေဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် နှင့် နေအိမ်ဖယ်ရှားရန်ဆောင်ရွက်ချက်သည် ပြည်ထောင်စုအစိုးရမှဆောင်ရွက်ခြင်းမဟုတ်ဘဲ မန္တလေးတိုင်း အစိုးရအဖွဲ့၏လုပ်ဆောင်ချက်သာဖြစ်ကြောင်း ဆိုသည့်အချက်များသာပါဝင်သည်။။
ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နန်းဦးလွင်၊ မဲခင်းကုန်း၊ ဂွေ့ကြီးကုန်း၊ ကန်ကောက်အရှေ့ စသည့်ကျေးရွာများရှိ နေအိမ်အဆောက်အဦးများ ရာနှင့်ချီ ဖယ်ရှားပေးရန် ထုတ်ပြန်စာလာရောက်ကပ်သွားခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်ပိုင်းတွင် ကျေးရွာရှိ နေထိုင်သူများက နေပြည်တော်ရှိ တာဝန်ရှိသူများထံ အသနားခံစာတင်ပြမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင် လ ၅ ရက်တွင် ယခုကဲ့သို့ အကြောင်းကြား ထပ်မံထွက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံများမှတဆင့်သိရသည်။
နေအိမ်ဖျက်သိမ်းခံရမည့် ဒေသခံများအနေဖြင့် အစိုးရတာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပြီး နှစ်ဖက်ပြေလည်သော သဘောတူညီချက်ရရှိရန် မျှော်လင့်နေကြောင်းသိရသည်။
ပုံစာ - အသစ်ထွက်ပေါ်လာသည့် ညွှန်ကြားစာ
ပုံစာ - ဇူလိုင်လ ၆ ရက်နောက်ဆုံးထားဖျက်သိမ်းရန် ကြေညာခဲ့သည့် ထုတ်ပြန်စာ
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပမှ (၂၄) နာရီအတွင်း ထူးခြားဖြစ်စဥ်သတင်းများ စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ