အသက်(၁၅)နှစ်နှင့်အထက် အမျိုးသမီးများသည် စာပေတတ်မြောက်မှုနှုန်းနှင့် လုပ်သားအင်အားပါဝင်မှုနှုန်းတွင် အမျိုးသားများထက် လျော့နည်းနေဟုဆို
ရဲပြည့် (NSS) - ဇူလိုင် ၅
အသက်(၁၅)နှစ်နှင့်အထက် အမျိုးသမီးများသည် စာပေတတ်မြောက်မှုနှင့် လုပ်သား အင်အားပါဝင်မှုနှုန်းတွင် အမျိုးသားများထက် လျော့နည်းနေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂ဝ၂၃ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ကျရောက်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ ပေးပို့သည့်မိန့်ခွန်းတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂ဝ၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း အနှစ်ချုပ်အစီရင်ခံစာအရ အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီးစာတတ်မြောက်မှုနှုန်းသည် အမျိုးသားစာတတ်မြောက်မှုနှုန်းထက် ၆ ရာခိုင်နှုန်းခန့်လျော့ နည်းပြီး အသက် ၁၅ နှစ်နဲ့အထက် လူဦးရေရဲ့ လုပ်သား အင်အားပါဝင်မှုနှုန်းသည်လည်း အမျိုးသမီးလုပ်သားအင်အား ပါဝင်မှုနှုန်းသည် အမျိုးသားလုပ်သားအင်အား ပါဝင်မှုနှုန်းထက် အနည်းငယ်လျော့ နည်းနေကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
"အမျိုးသမီးတွေ အထူးသဖြင့် ငယ်ရွယ်တဲ့ အမျိုးသမီးတွေရဲ့ လူမှုစီးပွားဘဝအခြေအနေမြင့်မားရေးအတွက် ပညာသင်ကြား တတ်မြောက်ရေးကို မြှင့်တင်ပေးဖို့လိုအပ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။
ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်စေရေးအတွက်လည်း အလုပ်လုပ်ကိုင်နိုင်သည့် အမျိုးသမီးများ၏ အလုပ်လုပ်နိုင်သည့် စွမ်းရည်များ ကျွမ်းကျင်ပိုင်နိုင်ရန်လိုအပ်သည်ကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်ကျော်အား ကိုယ်စားပြုသည့် အမျိုးသမီးများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတွင် အရေးပါသည့် အင်အားစုတစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်သည့် လူသားအရင်းအမြစ်များ ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျိုက်မရောမြို့နယ်တွင် KNU နှင့် PDF အဖွဲ့ကလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ဆို
RELATED POSTS
24 Oct 2024 | လူမှုရေး,နိုင်ငံတကာ
23 Oct 2024 | လူမှုရေး,ပြည်တွင်း
03 Oct 2024 | လူမှုရေး,ပြည်တွင်း