ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်တဲ့အတွက် ပရာချာချက်ပါတီခေါင်းဆောင်တာဝန်က နှုတ်ထွက်ကြောင်း ဝမ်မူဟာမက် နိုမာသာ ကြေညာ
ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်တဲ့အတွက် ပရာချာချက်ပါတီခေါင်းဆောင်တာဝန်က နှုတ်ထွက်ကြောင်း ဝမ်မူဟာမက် နိုမာသာ ကြေညာ
ဂျန်ဇက် (NSS) - ဇူလိုင် ၅
ပရာချာချက်ပါတီခေါင်းဆောင် ဝမ်မူဟာမက် နိုမာသာ Wan Muhamad Noor Matha ဟာ ဇူလိုင် ၄ ရက်ကကျင်းပတဲ့ အောက်လွှတ်တော်အစည်းအဝေးမှာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီးနောက် ပါတီခေါင်းဆာင်အဖြစ်က နှုတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။
ပရာချာချက်ပါတီအနေနဲ့ ၎င်းရဲ့နေရာကိုအစားထိုးနိုင်ဖို့ ခေါင်းဆောင်အသစ်ကို ရှာဖွေခန့်အပ်ရမှာဖြစ်ကြောင်း အဆိုပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ Tawee Sodsong က ပြောပါတယ်။ ထိုင်းအောက်လွှတ်တော်အစည်း အဝေးအသစ်ကို ဇူလိုင် ၃ ရက်နေ့မှာစတင်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌများ ရွေးချယ်ဖို့ စတင်ခဲ့ရာ ဝမ်မူဟာမက် နိုမာသာ ကို လွှတ်တော်ဥက္ကဋ္ဌ အသစ်အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။
လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် သီတင်းပတ်အတန်ကြာအငြင်းပွားနေတဲ့ ရှေ့သို့ချီပါတီနဲ့ ဖြူထိုင်းပါတီတို့ကလည်း အသက် ၇၉ နှစ်အရွယ်ရှိ ဝမ်မူဟာမက် နိုမာသာကို အောက်လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် ခန့်အပ်မှာကို ကန့်ကွက် မှုမရှိဘဲ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ အောက် လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့်သူဟာ နိုင်ငံရေးမှာ ကြားနေရမှာဖြစ်တဲ့အတွက် နိုင်ငံရေးပါတီကိုယ်စားပြုထားခြင်း မရှိဖို့ လိုအပ် ကြောင်း သိရပါတယ်။
ဇူလိုင် ၄ ရက်က ကျင်းပခဲ့တဲ့ ထိုင်းအောက် လွှတ်တော်အကြီးအကဲရွေးချယ်ပွဲမှာ ရွေးကောက်ပွဲမှာ မဲအများဆုံး ရရှိခဲ့တဲ့ ရှေ့သို့ချီပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ Padipat Suntiphada က အောက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ (၁)နေရာအတွက် ရွေးချယ်ခံခဲ့ရသလို ဖြူထိုင်းပါတီရဲ့ကိုယ်စားလှယ်ဖြစ်သူ Pichet Chuamuangphan က အောက်လွှတ်တော်ရဲ့ဒုတိယဥက္ကဋ္ဌ(၁)နေရာအတွက် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ဇူလိုင် ၄ ရက်ကကျင်းပတဲ့ ထိုင်းအောက်လွှတ်တော်အစည်းဝေးကို လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၉၆ ဦး တက်ရောက်ပြီး အောက်လွှတ်တော်အကြီးအကဲနေရာများအတွက် မဲပေးရွေးချယ်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဆိုးရွားနေမယ်ဆိုရင် နိုင်ငံအတွင်း လူမှုကွန်ရက်အသုံးပြုခြင်းများကို ပိတ်ပင်သွားဖွယ်ရှိနေဟု ပြင်သစ်သမ္မတ သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ