ဆူပူအကြမ်းဖက်မှုများ ဆက်လက်ဆိုးရွားနေမယ်ဆိုရင် နိုင်ငံအတွင်း လူမှုကွန်ရက်အသုံးပြုခြင်းများကို ပိတ်ပင်သွားဖွယ်ရှိနေဟု ပြင်သစ်သမ္မတ သတိပေး
ဂျန်ဇက် (NSS) - ဇူလိုင် ၅
ဆူပူအကြမ်းဖက်မှုများ ဆိုးရွားနေမယ်ဆိုရင် နိုင်ငံအတွင်း လူမူကွန်ရက်အသုံးပြုခြင်းများကို ပိတ်ပင်သွားမယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ထုတ်ဖော်သတိပေးလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က အသက် ၁၇ နှစ်အရွယ်ရှိ လူမည်းလူငယ်တစ်ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပြီးနောက် ဆန္ဒပြပွဲများနဲ့အတူ ဆူပူအကြမ်းဖက်မှုများ ၇ ရက်ကြာ ဆက်တိုက်ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
ပြင်သစ်ရဲတပ်ဖွဲ့ဟာ ဆူပူအကြမ်းဖက်မှုတွေကိုဟန့်ထားထိန်းသိမ်းဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်ပေါင်း ၄၅ဝဝဝ ကျော် ဖြန့်ကြတ်ချထားပြီး ၆ ရက်အတွင်း လူပေါင်း ၄ဝဝဝ နီးပါး ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။ ပြင်သစ်သမ္မတက "ကျွန်တော်တို့အစိုးရအဖွဲ့ဟာ လူမူကွန်ရက်အသုံးပြုတာတွေကို ပိတ်ပင်ဖို့ စဉ်းစားရမယ်။ ပြင်သစ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေက ဆိုးရွားနေမယ်ဆိုရင် လူမူကွန်ရက်အသုံးပြုနေတာတွေ ကို ပိတ်ပင်သွားမှာဖြစ်တယ်" လို့ ပြောပါတယ်။
ပြင်သစ်အာဏာပိုင်များအနေနဲ့ ဆူပူအကြမ်းဖက်မှုများဖြစ်ပွားအောင် လူမူကွန်ရက်ကတဆင့် တောင်းဆိုနေသူတွေကို ဖော်ထုတ်အရေးယူရမှာဖြစ်ကြောင်း သမ္မတမက်ခရွန်က တိုက်တွန်းတောင်းဆိုထားပါတယ်။ ပြင်သစ်မီဒီယာတွေကတော့ ပြင်သစ်အစိုးရတာဝန်ရှိသူများဟာ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်မှုများကို ဟန့်တားနိုင်ဖို့ လူမူကွန်ရက်ကုမ္ပဏီများရဲ့တာဝန်ရှိသူများနဲ့ ဆွေးနွေးနေကြောင်း ဖော်ပြထားပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိ လူမည်းလူငယ်တစ်ဦး အသတ်ခံရပြီးနောက် ပြင်သစ်နိုင်ငံမှာ ဆန္ဒပြပွဲများ စတင်ဖြစ်ပွားလာမှုနဲ့အတူ ဈေးဆိုင်များ၊ ကားများကို မီးရှို့ဖျက်ဆီးခဲ့သလို ရဲတပ်ဖွဲ့ဝင်များနဲ့ ထိပ်တိုက်ရင်ဆိုင်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောင်းသား/သူ (၅ဝဝ)ကျော် ပညာသင်ယူနေသည့် မြင်းမူမြို့အထက်တန်းကျောင်းကို PDF အဖွဲ့က Drone ဖြင့် ဗုံးပစ်ချတိုက်ခိုက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ