ဗြိတိန်ကာကွယ်ရေးဝန်ကြီးရဲ့ နေတိုးအဖွဲ့အကြီးအကဲတာဝန်ယူမယ့်အစီအစဉ်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ကန့်ကွက်ခဲ့
ဂျန်ဇက် (NP News) - ဇူလိုင် ၄
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ၎င်းရဲ့မဟာမိတ်နိုင်ငံဖြစ်တဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘင်ဝါလေ့စ့်ရဲ့ နေတိုး အဖွဲ့အကြီးအကဲ တာဝန်ရယူရေးအတွက် ကြိုးပမ်းမယ့်အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း သိရပါတယ်။
နေတိုးအဖွဲ့အကြီးအကဲအဖြစ်တာဝန်ယူနေတဲ့ ဂျန်စတိုတန်ဘတ်ချ်ဟာ ဒီနှစ်နောက်ပိုင်းမှာ နေတိုးအဖွဲ့ အကြီးအကဲတာဝန်က နှုတ်ထွက်တော့မှာဖြစ်ရာ ဘင်ဝါလေ့ဟာနေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ယူဖို့ လိုလားခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အမေရိကန်သမ္မတရဲ့ကန့်ကွက်မှုများ ရှိလာခဲ့ပြီး နောက် ဘင်ဝါလေ့စ်ဟာ နေတိုးအဖွဲ့အကြီးအကဲနေရာ တာဝန်ယူဖို့ ကြိုးပမ်းမယ့်အစီအစဉ်တွေကို ပြီးခဲ့တဲ့လမှာ ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။
ဘင်ဝါလေ့စ့်ဟာ မြောက်အိုင်ယာလန်နိုင်ငံမှာ ဗြိတိန်စစ်သားအဖြစ် တာဝန်ယူဖူးတဲ့အတွက် နေတိုးအဖွဲ့အကြီး အကဲတာဝန်ယူဖို့ ကန့်ကွက်မှုများရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘင်ဝါလေ့စ့်ဟာ ဗြိတိန်ဝန်ကြီးချုပ် ဟောင်း ဘော်ရစ်ဂျွန်ဆင်က ၂ဝ၁၉ ခုနှစ်မှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ကြောင်း သိရပါတယ်။
နေတိုးအဖွဲ့ဟာ ရာထူးကအနားယူတော့မယ့် ဂျန်စတိုတန်ဘတ်ချ်နေရာမှာ အစားထိုးဖို့ အကြီးအကဲအသစ်ကို ထပ်မံ ရွေးချယ်သွားရမှာဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒန်ဟာ ဘင်ဝါလေ့စ့်ကို မြောက်အိုင်ယာလန်နိုင်ငံမှာ တာဝန် ထမ်းဆောင်ဖူးတဲ့ ဗြိတိန်စစ်သားဖြစ်တဲ့အတွက် နေတိုးအဖွဲ့အကြီးအကဲ ရာထူးရယူမယ့် ကြိုးပမ်းမှုတွေကို ကန့်ကွက်ခဲ့တယ်ဆိုတဲ့သတင်းတွေကို အမေရိကန်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ငြင်းဆန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ နဲ့ ရုရှားကြား ပထမဆုံးအကြိမ် လေကြောင်းချိတ်ဆက်ပျံသန်းမှုတွေကို ဇူလိုင်လအတွင်း စတင်သွားဖွယ်ရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ