မြန်မာနိုင်ငံ နဲ့ ရုရှားကြား ပထမဆုံးအကြိမ် လေကြောင်းချိတ်ဆက်ပျံသန်းမှုတွေကို ဇူလိုင်လအတွင်း စတင်သွားဖွယ်ရှိနေ
ဂျန်ဇက် (NP News) - ဇူလိုင် ၄
မြန်မာနိုင်ငံအခြေစိုက် Myanmar Airways International လေကြောင်းလိုင်းဟာ ဒီလအတွင်း ရုရှားနိုင်ငံ နဲ့ လေကြောင်း ချိတ်ဆက်ပျံသန်းမှုများကို ပထမဆုံးအကြိမ်စတင်လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း ရုရှားအခြေစိုက် rustourismnews သတင်းဌာနက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် နောက်ပိုင်းကတည်းက နိုင်ငံတကာလေကြောင်းလိုင်းများဟာ ရုရှားနိုင်ငံ နဲ့ လေကြောင်းပျံသန်းပြေးဆွဲမှုများ လုပ်ဆောင်လာခဲ့ပြီး ဇူလိုင်လအတွင်းမှာ နိုင်ငံတကာလေကြောင်းလိုင်း ၅၂ လိုင်း ဟာ ရုရှားနိုင်ငံ နဲ့ လေကြောင်း ချိတ်ဆက်ပျံသန်းသွားဖွယ်ရှိနေကြောင်း သိရပါတယ်။
ဇူလိုင်လအတွင်း ရုရှားနိုင်ငံ နဲ့ လေကြောင်းချိတ်ဆက်မယ့် ပျံသန်းမယ့်လေကြောင်းခရီးစဉ် နဲ့ လေကြောင်းလိုင်း ၅၂ ခုထဲမှာ မြန်မာနိုင်ငံအခြေစိုက် Myanmar Airways International ပါဝင်လျက်ရှိနေကြောင်း သိရပါတယ်။ အဆိုပါမြန်မာလေကြောင်းလိုင်းဟာ မြန်မာနိုင်ငံရန်ကုန်၊ မန္တလေးမြို့ကနေ ရုရှားနိုင်ငံ မော်စကိုမြို့ နဲ့ Novosibirsk တို့ကို ချိတ်ဆက်ပျံသန်းမှာဖြစ်ပြီး၊ ရုရှားနဲ့ မြန်မာနိုင်ငံကြား ပထမဆုံးအကြိမ်လေကြောင်း တိုက်ရိုက်ပျံသန်း မှာလည်း ဖြစ်ပါတယ်။
အဆိုပါလေကြောင်းလိုင်းပျံသန်းမှုဟာ ရုရှားခရီးသွားများ မြန်မာနိုင်ငံကို ပိုမိုလာရောက်စေဖို့ ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။ ရုရှားနဲ့ မြန်မာနိုင်ငံကြားဆက်ဆံရေးဟာ ၂ဝ၂၁ ခုနှစ်နောက်ပိုင်းမှာ ပိုမိုကောင်းမွန် လာခဲ့ပြီး နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် နစကတာဝန်ရှိသူများဟာ ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးများ၊ အလုပ်သဘောခရီးသွားရောက်ခဲ့သလို ရုရှားနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး တို့ အပါအဝင် ရုရှားအစိုးရတာဝန်ရှိသူများ၊ ရုရှားအစိုးရပိုင်ကုမ္ပဏီများဟာ မြန်မာနိုင်ငံကိုလာရောက်ခဲ့ဖူးကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံ တွေဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့ပေမယ့် နစကဟာ ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့နဲ့ ဆက်ဆံရေးကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နန့်ယင်းမြစ်ရေသည် မိုးညှင်းနှင့် မိုးကောင်းမြို့များ၌ တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနိုင်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း