အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထိပ်သီးအစည်းအဝေးကို မြန်မာ ပါဝင် တက်ရောက်ဖွယ်ရှိနေ
ဂျန်ဇက် (NP News) - ဇူလိုင် ၄
အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို မြန်မာ ပါဝင် တက်ရောက် ဖွယ်ရှိနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံဟာ ဇူလိုင်လ ၄ ရက်နေ့မှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ရုရှားသမ္မတပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ရှာရစ်တို့ဟာ အွန်လိုင်းကတဆင့် အစည်းအဝေးတက်ရောက်ဖွယ်ရှိနေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ဆွေးနွေးမှု မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ခံရပြီးနောက် အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း အဝေးကိုတက်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက "ဘာရိန်း၊ ကူဝိတ်၊ မြန်မာ၊ မော်လ်ဒိုက်၊ ယူအေအီး နိုင်ငံတို့ဟာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ဆွေးနွေးမှု မိတ်ဖက်အသစ်တက်ရောက်မှာပါ" လို့ ပြောပါတယ်။
အဆိုပါ ထိပ်သီးအစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံအသစ်များ တိုးချဲ့ရေးကိုဆွေးနွေးသွားဖွယ်ရှိနေပြီး အီရန်နိုင်ငံ ဟာ တင်းပြည့်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖွယ်ရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် ထိပ်သီးအစည်းအဝေးအတွင်း အကြမ်းဖက်မှုဆန့်ကျင်တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးမှောင်ခိုမှုများ တားဆီးတိုက်ဖျက်ရေးကိစ္စများကို အဓိကထားဆွေးနွေးသွားဖွယ် ရှိနေကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံဟာ ၂ဝဝ၅ ခုနှစ်က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဝင်ရောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်မှာ တင်းပြည့် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ကြောင်း သိရပါတယ်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ၂ဝဝ၁ ခုနှစ်မှာ ဦးဆောင်ဖွဲ့စည်းထားပြီး နောက်ပိုင်းမှာ အိန္ဒိ၊ ပါကစ္စတန်နိုင်ငံတို့ ပူးပေါင်းဝင်ရောက်လာခဲ့ပြီး ဒီနှစ်ထိပ်သီးအစည်းအဝေးမှာ အီရန်နိုင်ငံကို တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံဖွယ်ရှိနေသလို ဘီလာရုစ့်နိုင်ငံ နဲ့လည်း အဖွဲ့ဝင်နိုင်ငံအဖြစ်လက်ခံရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးဖွယ်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ နေရာနဲ့ပတ်သက်ပြီး ရှေ့သို့ချီပါတီနဲ့ ဖြူထိုင်းပါတီကြား သဘောတူညီမှုရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ