ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ နေရာနဲ့ပတ်သက်ပြီး ရှေ့သို့ချီပါတီနဲ့ ဖြူထိုင်းပါတီကြား သဘောတူညီမှုရ
ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ နေရာနဲ့ပတ်သက်ပြီး ရှေ့သို့ချီပါတီနဲ့ ဖြူထိုင်းပါတီကြား သဘောတူညီမှုရ
ဂျန်ဇက် (NP News) - ဇူလိုင် ၄
ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရခဲ့တဲ့ ရှေ့သို့ချီပါတီ နဲ့ ဖြူထိုင်းပါတီတို့ဟာ ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သလို Prachachat ပါတီခေါင်းဆောင် Wan Muhamad Noor Matha ကို အောက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်နိုင်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
ရှေ့သို့ချီပါတီ နဲ့ ဖြူထိုင်းပါတီတို့ဟာ အောက်လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက် သီတင်းပတ်အတန်ကြာ အငြင်းပွား ခဲ့ပြီးနောက် လွှတ်တော်အစည်းအဝေး စတင်ချိန်မှာတော့ Prachachat ပါတီခေါင်းဆောင်ကို အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်နိုင်ရေး အမည်စာရင်းတင်သွင်းဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
ထိုင်းအောက်လွှတ်တော်အစည်းအဝေးအသစ်ကို ဇူလိုင် ၃ ရက်က စတင်ခဲ့ပြီး ထိုင်းဘုရင် နဲ့ ကြင်ယာတော်တို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ထိုင်းအောက်လွှတ်တော်ကိုယ်စားလှယ်များဟာ ဇူလိုင် ၄ ရက်မှာ အောက်လွှတ်တော်ဥက္ကဋ္ဌ အသစ်ခန့်အပ်နိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူတွေထဲကနေ မဲပေးရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌအပြင် အောက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၁ တာဝန်ကို ရှေ့သို့ချီပါတီ နဲ့ ဒုတိယဥက္ကဋ္ဌ ၂ တာဝန်ကို ဖြူထိုင်းပါတီတို့ကို ရယူသွားမှာဖြစ်ကြောင်း ရှေသို့ချီပါတီခေါင်းဆောင်ပီတ လင်ဂျာရိုအမ်ရက် က ပြောပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ အသစ်နဲ့ အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှစ်ဦးဟာ ထိုင်း စစ်တပ်ပြုပြင် ပြောင်းလဲရေး၊ နိုင်ငံရေးသမားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ရေး စတဲ့ ကိစ္စတွေကို လွှတ်တော်အတွင်း အဓိကထား ဆောင်ရွက်သွားဖွယ်ရှိနေပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ ရှေ့သို့ချီပါတီ နဲ့ ဖြူထိုင်းပါတီတို့ဟာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပြီးနောက် ရှေ့သို့ချီပါတီ ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခန့်အပ်နိုင်ဖို့ အခြားအနိုင်ရပါတီ ၆ ပါတီနဲ့ ညွှန်ပေါင်းမဟာမိတ် ဖွဲ့စည်းထားကြောင်း သိရပါတယ်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ထောက်ခံမဲပေါင်း ၃၇၆ မဲရရှိမှသာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရမှာဖြစ်ရာ ရှေ့သို့ချီပါတီခေါင်းဆောင်ဟာ ဝန်ကြီးချုပ်ဖြစ်လာဖို့ အထက်လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ ထောက်ခံမဲလိုအပ်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် မြေနှင့် ရေသယံဇာတအခြေခံကောင်းများရှိသော မြန်မာနိုင်ငံအတွက် မဖြစ်သင့်ဟု တပ်ချုပ်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ