ဆီးရီးယားနိုင်ငံ၊ ဟွန်းစ်မြို့ကို အစ္စရေးက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်
ရောင်နီ (NSS) - ဇူလိုင် ၂
အစ္စရေးက ဆီးရီးယား အစိုးရ ထိန်းချုပ်တဲ့ ဟွန်းစ်မြို့အနီး နေရာတွေကို ပစ်မှတ်ထားပြီး ဒုံးကျည် တိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့ (ဇူလိုင်လ ၂ ရက်)မှာ ဖော်ပြခဲ့ပါတယ်။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့ (ဇူလိုင်လ ၂ ရက်) အစောပိုင်းက အစ္စရေးရဲ့ ဒုံးကျည်တွေ မြို့တော်ဘေရွက် အစိတ်အပိုင်းတွေပေါ်က ဖြတ်သန်းပြီး ဟွန်းစ်မြို့ကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် လူသေဆုံးမှုမရှိဘဲ ပစ္စည်းတွေသာ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ အစ္စရေးစစ်တပ် ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ၎င်းတို့တိုက်လေယာဉ်တွေ ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေး ဘက်ထရီကို တန်ပြန်တိုက်ခိုက်ခဲ့ပြီး အစ္စရေးဘက်က ပစ်လွှတ်တဲ့ လေယာဉ်ပစ် ဒုံးကျည်တွေကို ရှင်းလင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေးရဲ့ ဂျက်လေယာဉ်တွေဟာ ဧရိယာအတွင်းရှိ အခြားပစ်မှတ်တွေကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။
ဆီးရီးယားနဲ့ လက်ဘနွန်ရှိ မဟာမိတ်တွေဆီ လက်နက်များပေးပို့ဖို့ အီရန်ရဲ့လေကြောင်းထောက်ပံ့ရေး လိုင်းများ တိုးမြှင့်အသုံးပြုမှုကို အနှောင့်အယှက်ဖြစ်စေဖို့အတွက် ပြီးခဲ့တဲ့ လများအတွင်း အစ္စရေးဟာ ဆီးရီးယားနဲ့ လက်ဘနွန်ရှိ လေဆိပ်များနဲ့ လေတပ်စခန်းများကို ပြင်းထန်စွာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာ ဆီးရီးယားမှာ အီရန်ရဲ့တင်းမာမှု ကြီးထွားလာမှုကို နှေးကွေးစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အစ္စရေးစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ကျွန်းအနီးတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ပိုမိုဖြန့်ကျက်ချထားပေးစေလိုကြောင်း ထိုင်ဝမ်ကာကွယ်ရေးသုတေသီတစ်ဦးတောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ