ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖြန့်ကြတ်ချထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ၂ဝ၂၇ ခုနှစ်မှာ အပြီးရုတ်သိမ်းမယ်လို့ ထိုင်းဒုတိယဗိုလ်ချုပ်ကြီးပြော
ရောင်နီ (NSS) - ဇူလိုင် ၂
ထိုင်း စစ်တပ်အနေနဲ့ နိုင်ငံတောင်ပိုင်းမှာ အရေးပေါ်အခြေအနေသတ်မှတ်ထားခြင်းကို ဖြေလျော့မှု နဲ့အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ရုတ်သိမ်းခြင်းကို လေးနှစ်အတွင်း အပြီးသတ်လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားကြောင်း ထိုင်း အမှတ် ၄ စစ်ဒေသ တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ဆန်တီဆက်ခွန်တာနက်ခ်ကပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ဆန်တီဆက်ခွန်တာနက်ခ်က ဒေသအတွင်း ၎င်းရဲ့တပ်ဖွဲ့ဝင်များ ဖြည်းဖြည်းချင်း ဆုတ်ခွာပေးနေပြီဖြစ်တယ်လို့ စနေနေ့(ဇူလိုင်လ ၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာ ၂ဝဝ၄ ခုနှစ်မှစတင်ပြီး လက်နက်ကိုင်လှုပ်ရှားမှုများရှိလာခဲ့ရာ ၁၉ နှစ်တာ ကာလအတွင်း မတည်ငြိမ်မှုများကြောင့် တောင်ပိုင်ဒေသများဖြစ်တဲ့ ရာလာ၊ နာရာသီဝက်၊ ပက်တာနီ နဲ့ ဆောင်ခါ ဒေသတွေမှာစီးပွားရေးနဲ့ လူမှုအသိုင်းအဝိုင်းတွေ ပျက်စီးခဲ့ပါတယ်။ ခွဲထွက်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလက နာရာသီဝက်ရဲ့ ချိုအိုင်ရွန်ခရိုင်၊ Kromluang Narathiwat Ratchanakarin စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး လက်နက်ခဲယမ်း အများအပြားကို ယူဆောင်သွားခဲ့ပါတယ်။ အဲဒီတုန်းက ပြည်နယ် အာဏာပိုင်တွေက အကြမ်းဖက်မှု ချေမှုန်းဖို့ နည်းဗျူဟာအမျိုးမျိုး အသုံးပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ထိုင်းစစ်တပ်ဟာ ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အတွင်း အဆိုပါဒေသရဲ့ မငြိမ်မသက်မှုတွေကို ထိန်းသိမ်းနိုင်ဖို့တာဝန်ယူခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုင်းစစ်တပ်က လက်နက်ကိုင် လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူစစ်အဖွဲ့ဝင်တွေ ပေါင်းစပ်ထားတဲ့ အင်အား ၁၇ဝဝ ကို တောင်ဘက်စွန်းရှိ ဒေသ ၃၇ ခုမှာအရပ်သားတွေအား ဘေးကင်းအောင်ကာကွယ်ပေးနိုင်ဖို့ တာဝန်ပေးအပ်ခဲ့သလို ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအတွက် နောက်ထပ် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်မယ့် စေတနာဝန်ထမ်း (၇ဝဝဝ)ကိုလည်း စေလွှတ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်များနဲ့ ပြည်သူ့ကာကွယ်ရေးစေတနာဝန်ထမ်းအဖွဲ့များ ပိုမိုဝင်ရောက်လာမှုနဲ့အတူ စစ်သားတွေကို တဖြည်းဖြည်း ပြန်ရုတ်သိမ်းသွားမှာဖြစ်ပြီး မိခင်တပ်ရင်းများထံ ၂ဝ၂၇ ခုနှစ်မှာအပြီးသတ် ပြန်လည်ခေါ်ယူသွားမှာဖြစ်ကြောင်းဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အားနည်းသည့်နိုင်ငံများ ပျက်စီးကာ အားကြီးသောနိုင်ငံများသာ ဆက်ရှိတော့မည့်အချိန်ရောက်လာတော့မည်ဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ