အားနည်းသည့်နိုင်ငံများ ပျက်စီးကာ အားကြီးသောနိုင်ငံများသာ ဆက်ရှိတော့မည့်အချိန်ရောက်လာတော့မည်ဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ပြော
Pika (NSS) - ဇူလိုင် ၂
ဟန်ဂေရီနိုင်ငံသည် ယူကရိန်းပဋိပက္ခကြောင့် အဖက်ဖက်မှ ဖိအားပေးမှုများစွာကို ခံနေရသလို နိုင်ငံတွင်းသို့ရွှေ့ပြောင်းနေထိုင်သူများ ပိုမိုမြင့်တက်လာသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန်က ပြောကြားခဲ့သည်။
ဗစ်တာအော်ဗန်က"ဟန်ဂေရီနိုင်ငံသားတွေဟာ ကမ္ဘာ့အခြေခံအုတ်မြစ်တွေ မတည်မငြိမ်ဖြစ်နေတဲ့အချိန်ကာလမှာ နေထိုင်နေကြရပါတယ်။ ပြီးတော့ အဲဒီ မတည်မငြိမ်မှုတွေကို ဖြစ်စေတဲ့ အဓိကပြဿနာကလည်း ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံမှာဖြစ်နေတာပါ။ ယူကရိန်းနိုင်ငံမှ သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်းနေ ထိုင်သူတွေဟာ ကျွန်တော်တို့နိုင်ငံနယ်စပ်ကို ပိုမိုဝင်ရောက်လာကြပါပြီ" ဟု ပြောဆိုခဲ့သည်။
အိမ်နီးချင်းယူကရိန်းနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ဟန်ဂေရီနိုင်ငံတွင် ပိုမိုအားကောင်းသော အစိုးရ၊ စီးပွားရေး၊ စစ်တပ် နှင့် တရားဥပဒေစိုးမိုးရေး အေဂျင်စီများရှိသင့်ကြောင်း ဗစ်တာအော်ဗန်ကပြောကြားခဲ့သည်။ ၎င်းက "ကျွန်တော်တို့ကိုယ်တိုင်လေ့ကျင့်ပြီး လက်နက်တွေကို ကိုယ့်ဘာသာ အဆင့်မြှင့်တင်ရမှာပါ။ကိုယ့်ကိုကိုယ်သန်မာအောင်လုပ်ဖို့လိုအပ်ပါတယ်၊၊ ဘာလို့လဲဆိုတော့ အမှန်တရားဆိုတာက သန်မာမှုမရှိရင် အနည်းငယ်ပဲတန်ဖိုးရှိလို့ပါ။ အားနည်းတဲ့နိုင်ငံတွေ ကျရှုံးပြီး အားကြီးတဲ့နိုင်ငံတွေ ဆက်ရှိနေရတော့မယ့် အချိန်ရောက်လာပါတော့မယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးစနစ်တွေနဲ့ တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေကို နေ့တိုင်းပိုမိုအားကောင်းလာအောင် အဆင့်မြှင့်တင်ရမှာပါ"ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ဗစ်တာအော်ဗန်သည် ဥရောပသမဂ္ဂ၏ မူဝါဒများနှင့် ယူကရိန်းပဋိပက္ခကို အနောက်အုပ်စုနိုင်ငံများက ကိုင်တွယ်ပုံနှစ်ခုလုံးအား ဝေဖန်ထောက်ပြခဲ့ကြောင်းသိရသည်။ ဥရောပသမဂ္ဂသည် အဖွဲ့ဝင်နိုင်ငံများထံသို့ ငြိမ်းချမ်းရေး နှင့် သာယာဝပြောမှုကို ယူဆောင်လာနိုင်ခြင်းမရှိကြောင်း နှင့် ယူကရိန်း နှင့် ရုရှားတို့ကြား ရန်လိုမှုများမြင့်တက်လာမှုနှင့်အတူ စီးပွားရေးအတွက် စိုးရိမ်ဖွယ်ရာအခြေအနေများကို ဗစ်တာအော်ဗန်က ထောက်ပြပြောဆိုခဲ့ကြောင်းသိရသည်။
ယူကရိန်းပဋိပက္ခစတင်သည့်အချိန်ကတည်းက ဟန်ဂေရီနိုင်ငံသည် ယူကရိန်းအား လက်နက်များထောက်ပံ့ပေးရန် ငြင်းဆိုခဲ့ပြီး ရုရှားနှင့်ယူကရိန်းကြား စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြောင်းသိရသည်။ ဟန်ဂေရီအစိုးရသည် ရုရှားအပေါ်အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ခဲ့ပြီး အဆိုပါလုပ်ရပ်သည် ဥရောပသမဂ္ဂစီးပွားရေးကို ထိခိုက်စေကြောင်းလည်း ဝေဖန်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စမ်းချောင်းမြို့နယ်တွင် ကားပြင်နေစဉ် မီးလောင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ